"17"

522 51 4
                                    

Unicode❣️

မောင့်အမေရှေ့ကနေအမြန်ထွက်လာခဲ့ပြီးနောက်ကျွန်တော်ဟာအသိစိတ်မရှိတဲ့လူတစ်ယောက်လိုလမ်းမပေါ်မှာလျှောက်နေမိသည်။အိမ်ပြန်ဖို့Taxiငှားရန်လည်းသတိမရ။နားထဲတွင်မောင့်အမေရဲ့စကားများကိုသာထပ်
တလဲလဲပြန်လည်ကြားယောင်နေမိသည်။
ဝင်လာသည့်မောင့်ဖုန်းကိုမကိုင်မိသည်အထိကျွန်တော့်စိတ်တွေလွတ်နေခဲ့သည်။

'ကျွီ!!!!'

လမ်းအကွေ့တွင်တစ်ဖက်မှလာသောကားကိုမမြင်ဘဲလမ်းကူးမိရာထိုကားမှဘရိတ်အုပ်သံအကျယ်ကြီးထွက်လာမှအိပ်မက်မှရုတ်တရက်နိုးလာသူလိုလက်ရှိအချိန်ကာလကိုသတိရလေတော့သည်။

လက်ရှိမှာကျွန်တော်နဲ့စင်တီမီတာအနည်းငယ်လောက်သာကွာဝေးသောအကွာအဝေးမှာရပ်နေသောကားခေါင်းပိုင်းကိုကြည့်ရင်းတံတွေးတစ်ချက်မြိုချမိသည်။

**လမ်းကူးတာကိုအသိစိတ်တွေလွတ်နေလိုက်တာ..သေတော့မလို့ ကံကောင်းလို့မသေတယ်>~<**

ကျွန်တော်ကိုယ်တိုင်ကလည်းကားရှေ့မှာ
တောင့်တောင့်ကြီးရပ်နေမိပြီးထိုကားထဲမှလူတစ်ယောက်ထွက်လာမှသာကားရှေ့မှဖယ်ပေးရန်သတိရတော့သည်။ကားထဲကထွက်လာတဲ့သူကျွန်တော့်အနားကိုရောက်လာတာနဲ့သေချာတောင်မကြည့်နိုင်ဘဲခါးကို၉၀ဒီဂရီညွှတ်ကာတောင်းပန်စကားဆိုမိသည်။ကိုယ်ကမှားတာလေ..*~*ဟိုဘက်ကလူဆဲမယ်ဆိုလည်းခံရမှာပဲ။

"တောင်းပန်ပါတယ် ကျွန်တော်စိတ်တွေလွတ်နေလို့လမ်းကိုသေချာမကြည့်ဘဲကူးမိတာပါ
တောင်းပန်ပါတယ်"

"လော်ယွင်ရှီး!!"

"ကျွန်တော့်နာမည်ကိုဘယ်လိုလုပ်...ဟင်! မင်း.. မင်း ရိမင်မလား"

ရှေ့ကလူကိုသေချာမကြည့်ဘဲခါးညွှတ်ကာတောင်းပန်စကားဆိုနေတုန်းထိုရှေ့ကလူကကျွန်တော့်နာမည်ကိုခေါ်လိုက်တာကြောင့်အံ့သြသွားပြီးထိုလူကိုသေချာကြည့်လိုက်တော့မှမိမိ၏လက်ချိုးရေလို့ရသောသူငယ်ချင်းများထဲမှအထက်တန်းအထိအတူတူတက်ခဲ့ကြသောကျောင်းနေဖက်သူငယ်ချင်းရှောင်ရိမင်ဖြစ်နေလေသည်။သူကအထက်တန်းအောင်ပြီးကတည်းကသူ့ရဲ့မိဘတွေနဲ့အတူ
နယူးဇီလန်သို့ပြောင်းသွားတာကြောင့်ကျွန်တော်နှင့်အဆက်အသွယ်ပြတ်သွားခြင်းဖြစ်သည်။

💛If We Meet Again...💛{Completed}Where stories live. Discover now