"10"

725 71 8
                                    

Unicode❣️

ချန်အိမ်တော်၏အဓိကလူဖြစ်သည့်ဖိုးဖိုးမွေးနေ့ပွဲမှာရင်းနှီးသည့်ဆွေမျိုးမိတ်ဆွေများ
နှင့်စီးပွားရေးပါတနာများပါလာရောက်ကြသည်မို့ပွဲကလူတော်တော်စည်လှသည်။ပွဲစကတည်းကချန်ဖေးယွီမှာဖိုးဖိုးဘေးရပ်ပြီးဖိုးဖိုးမိတ်ဆက်ပေးသမျှလုပ်ငန်းရှင်တွေကိုတစ်ယောက်ချင်းမနားမနေနှုတ်ဆက်နေရသည်။

"ဖိုးဖိုး Happy birthday"

လူမရောက်ခင်အသံကစူးကနဲထွက်လာသည်
နှင့်သူ့ရဲ့နှစ်ယောက်မရှိတဲ့ချစ်လှစွာသောအစ်မဖြစ်သူချန်မေ့ရာရောက်လာပြီဖြစ်ကြောင်းချန်ဖေးယွီသိလိုက်သည်။တွေးနေရုံရှိသေး..Luggageတစ်လုံးကိုလည်းလက်တစ်ဖက်ကဆွဲထားပြီးကျန်လက်တစ်ဖက်မှာလည်းဘူးတစ်ဘူးကိုင်ကာဖိုးဖိုးနဲ့သူတို့ရပ်နေသည့်နေရာသို့တစ်လှမ်းချင်းလှမ်းလာလေသည်။

"လေယာဥ်ချိန်အပြောင်းအလဲရှိသွားလို့နောက်ကျသွားတယ် Sorryနော်ဖိုးဖိုး ဒီမှာPresent!!"

လက်ထဲမှဘူးကိုဖိုးဖိုးဆီသို့ပေးလာတော့

"အိုးး ကျေးဇူးပါမြေးမလေး "

"ရာရာ မားမားကစောင့်နေတာ"

"သမီးဖုန်းဆက်ထားတယ်လေ နည်းနည်းနောက်ကျမယ်လို့"

"ဪ..ဒါနဲ့မိတ်ဆက်ပေးရအုံးမယ် ကျွန်မသမီးချန်မေ့ရာလေ မှတ်မိတယ်မလား ဟင်းဟင်း သမီးကခုဆိုကနေဒါမှာကျောင်းသွားတက်နေတာ နောက်ဆုံးနှစ်တောင်ရောက်ပြီလေ"

ထုံးစံအတိုင်းဒေါ်လေးကတော့သူ့သမီးကိုဖိုးဖိုးဘေးတွင်ရှိနေကြသောလုပ်ငန်းရှင်များနှင့်မိတ်ဆက်ပေးနေလေသည်။

"ဥက္ကဋ္ဌကြီးတို့ကတော့​တော်တဲ့မြေးတွေရထားတာဆိုတော့ဂုဏ်ယူနေမှာပဲနော် ဒါနဲ့ဖေးယွီကရောဘယ်ကျောင်းတက်ဖို့စဥ်းစားထားလဲ"

ဖိုးဖိုးနှင့်ရင်းနှီးသောဟန်လုပ်ငန်းစုမှသူ​ေဋ္ဌးကပြောတော့ဖေးယွီပြန်မပြောခင်ဖိုးဖိုးက

"ယွီအာကိုတော့သူစိတ်ကြိုက်ကျောင်းမှာတက်စေချင်တာ ယွီအာကနဂိုကတည်းကတော်တော့ဘယ်နေရာရောက်ရောက်အဆင်ပြေမှာပဲလေ "

💛If We Meet Again...💛{Completed}Where stories live. Discover now