"33"

613 46 2
                                    

Unicode❣️

"မောင်လိုက်ပို့မယ် မားဆီသွားမှာမလား.."

မနက်စာစားပြီးနောက်...ဆိုင်မသွားခင်မားဆီသွားမလို့ပြင်နေတုန်း...မောင်ကလိုက်ပို့မယ်ဟုပြောလာလေသည်။

ထို့နောက်...ကျွန်တော့်ကိုသူ့ကားပေါ်တင်ကာ...တစ်ခွန်းမမေးဘဲ...မားရှိရာဆေးရုံသို့...တန်းမောင်းသွားလေသည်။

မောင်ကဘယ်လိုလုပ်ပြီး...မားတက်နေတဲ့ဆေးရုံကိုသိနေတာလဲ...

ကျွန်တော့်အတွေးတွေကိုမောင်ကသိနေသည့်အလား...ကားမောင်းနေရင်း...ကျွန်တော့်ဘက်ကိုလှည့်ကြည့်လာကာ

"မားဆေးရုံကိုမောင်ဘယ်လိုသိတာလဲလို့စဥ်းစားနေတာမလား"

ဟု​ပြောလေသည်။

"အင်း..."

"ယွင်မသိတာတွေအများကြီးရှိသေးတယ်...ခဏနေကျမှမောင်ပြောပြမယ်နော်"

​မောင်ကကျွန်တော့်ကိုထိုသို့ပြောလိုက်ပြီးကားကိုဆေးရုံရှေ့မှာရပ်လိုက်လေသည်။

"ယွင်အရင်သွားနှင့်နော်...မောင်ကားပါကင်ထိုးပြီးလိုက်လာခဲ့မယ်"

"အွန်း မားအခန်းရောသိတယ်မလား"

"သိတယ်.."

"အင်းပါ...အဲ့တာဆို သွားနှင့်ပြီနော်"

မောင့်ကိုထားခဲ့ပြီးနောက်ဆေးရုံထဲသို့ကျွန်တော်တစ်ယောက်တည်းအရင်ဝင်သွားလိုက်ပြီးမားအခန်းသို့သွားလိုက်သည်။

မားရဲ့အခန်းထဲကိုဝင်သွားလိုက်တော့...
ဆေးရုံကုတင်ပေါ်တွင်...မနက်စာစားနေသောမား...

ဘေးကသူနာပြုဆရာမလေးက...မားကိုဂရုတစိုက်ဖြင့်...မနက်စာစားတာကို..စောင့်ကြည့်ပေးနေသည်။

ကျွန်တော်ဝင်လာတာကိုမြင်တော့...မားကပြုံးပြကာ..

"ရှီးအာ..ရောက်လာပြီလား..ဒီမှာလာထိုင်"ဆိုပြီးကုတင်ဘေးကခုံတန်းလေးကိုပုတ်ပြပြီးလှမ်းခေါ်လေသည်။

ကျွန်တော်လည်းထိုခုံလေးမှာဝင်ထိုင်လိုက်ပြီး

"မား..နေကောင်းတယ်မလား..ညကအိပ်ပျော်ရဲ့လား"ဟုမေးမိသည်။

💛If We Meet Again...💛{Completed}Where stories live. Discover now