"31"

666 54 8
                                    

Unicode❣️

ချန်ဖေးယွီတစ်ယောက်...သီချင်းလေး
တညည်းညည်းဖြင့်...ကားမောင်းနေလေသည်။

တစ်နေကုန်အလုပ်တွေအပြီးသတ်လုပ်ပြီးတော့...ညနေမစောင်းခင်ပြီးသွားကာ...အမြန်အလုပ်ဆင်းလိုက်ပြီး...အခုယွင့်အိမ်သို့သွားနေသည့်လမ်းမှာဖြစ်သည်။

ပုံမှန်ရုံးဆင်းချိန်ထက်စောနေပေမဲ့လည်း...
ကိုယ်ကBossမလား..စောဆင်းလို့ဆိုပြီး...ဘယ်သူမှလာပြောမှာမှမဟုတ်တာ..

ရုံးခန်းထဲကထွက်လာကတည်းက...မြောက်ကြွမြောက်ကြွဖြစ်နေတဲ့ကျွန်တော့်ကို...ရုံးကဝန်ထမ်းတွေကတောင်စနေလေသည်။

ငါတို့Bossကြီး...သွားDateမလို့လားတဲ့..

Dateတော့မဟုတ်ပေမဲ့...ချစ်ရသူလေးနဲ့တွေ့ရမှာမလား...

ဝန်ထမ်းတွေနဲ့...စလိုက်နောက်လိုက်ရင်း...အဆင်ပြေသေးသည်။

ကားမောင်းလာတော့လည်း...အဆင်ကိုချောလို့...

ယွင့်ဆိုင်ရှေ့ကိုရောက်လို့ကားသော့လေးရမ်းကာလျှောက်လာသောကျွန်တော့်အား...
ဆိုင်ရှေ့မှာမတ်တပ်ရပ်လျှက်...မျက်ထောင့်နီကြီးဖြင့်စိုက်ကြည့်နေသောယွင့်ကြောင့်..
ကျွန်တော်လန့်သွားသည်။

ခုနကပျော်နေတာလေးတောင်..
ကြက်ပျောက်ငှက်ပျောက်...

ဘာလဲ...ရာသီဥတုအခြေအနေမကောင်းဘူးလား...

ငါလဲဘာမှလုပ်မထားပါပဲနဲ့...

ဘာမှန်းသေချာမသိပေမဲ့လို့...ချစ်ရသူလေးရဲ့မျက်နှာအနေအထားကြောင့်...အတတ်နိုင်ဆုံး..မျက်နှာကိုပြုံးထားလိုက်ပြီး...ကိုယ့်ကိုပေါက်ထွက်မတတ်စိုက်ကြည့်နေတဲ့ယွင့်အနားသို့...လျှောက်သွားလိုက်သည်။

"ဟီးဟီး...မောင်နဲ့အတူပြန်မလို့စောင့်နေတာလား.."

"ရုပ်ကိုက..ကျောက်ကျောကိုရေစိမ်ထားတဲ့မျက်နှာနဲ့...လူဆိုးကောင်"

ပြောရက်လိုက်တာ..ကျောက်ကျောကိုရေစိမ်ထားတဲ့မျက်နှာတဲ့...ဒီလောက်ချောတဲ့ရုပ်ကိုಥ‿ಥ

လူဆိုးကောင်လို့ခေါ်နေပုံထောက်ရင်...တစ်ခုခုကိုစိတ်ဆိုးနေတာ..အသေအချာပဲ။

💛If We Meet Again...💛{Completed}Where stories live. Discover now