"24"

638 57 6
                                    

Unicode❣️

ဆေးရုံမှာနှစ်ရက်လောက်နေပြီးတော့ကျနော်ဆေးရုံမှဆင်းခဲ့သည်။အိမ်ပြန်ရောက်တော့မောင်နဲ့ကျနော့်ရဲ့အမှတ်တရတွေပြည့်နေတဲ့အိမ်လေးမှာကျနော်နေစရာမရှိခဲ့ပါ။ဘယ်သွားသွားအမှတ်တရတွေရှိနေခဲ့တာမို့။

အမြဲတမှိုင်မှိုင်ဖြစ်နေတဲ့ကျနော့်ကိုကြည့်ပြီးမားနဲ့စူးစူးကတော့ရိမင်နဲ့အတူစိတ်ပြေလက်ပျောက်လိုက်သွားဖို့တိုက်တွန်းခဲ့တယ်။

ကျနော်လည်းမောင့်ဆီကနေမောင်နဲ့ပတ်သက်တဲ့အမှတ်တရတွေဆီကနေခဏလောက်ပဲဖြစ်ဖြစ်ထွက်ပြေးချင်ခဲ့တာမို့ရိမင်နဲ့လိုက်သွားဖို့ဆုံးဖြတ်ခဲ့တယ်။

ဒီလိုနဲ့ရှိသမျှအလုပ်တွေအကုန်လုံးကထွက်လိုက်ပြီးရိမင်နဲ့အတူနယူးဇီလန်သို့လိုက်သွားခဲ့တယ်။

မောင်နဲ့အမှတ်တရတွေရှိတဲ့နေရာနဲ့ဝေးရင်မောင့်ကိုမေ့နိုင်မယ်လို့ထင်ထားခဲ့ပေမဲ့
တစ်စက္ကန်တောင်မေ့လို့မရခဲ့မှန်းလေယာဥ်ပေါ်ရောက်ကတည်းကသိခဲ့လိုက်တယ်။

မောင်မရှိတဲ့နေရာဒေသမှာနည်းနည်းလေးတောင်မနေချင်ခဲ့ဘူး။

မောင်နဲ့အမှတ်တရတွေပြည့်နေတဲ့အိမ်၊လမ်း၊ပတ်ဝန်းကျင်၊မောင်နဲ့သွားခဲ့ဖူးတဲ့နေရာတွေကမောင့်ကိုလွမ်းစေတာမှန်ပေမဲ့မောင့်အငွေ့အသက်လေးတွေခံစားမိစေလို့ကျနော်သဘောကျတယ်။

မောင်မရှိတဲ့အရပ်ကမောင့်ကိုပိုလွမ်းမိစေတယ်။

ဒါပေမဲ့လည်းကိုယ်စိတ်မကောင်းဖြစ်နေမှာဆိုးလို့တမင်ခေါ်လာတဲ့ရိမင်ကိုအားနာတာကြောင့်အတတ်နိုင်ဆုံးစိတ်ကိုတင်းပြီးသူနဲ့အတူလိုက်လာခဲ့လိုက်တယ်။

ဟိုရောက်တော့ရိမင်မိဘတွေကလည်းဝမ်းသာအားရကြိုဆိုကြတာမို့ကျနော်နည်းနည်းတော့ပြန်ပြုံးလာနိုင်ခဲ့တယ်။

အလုပ်တွေရှုပ်နေတာတောင်နိုင်ငံအနှံ့နေရာအများအပြားကိုအလည်အပတ်လိုက်ပို့ပေးခဲ့တဲ့ရိမင်ကိုကျေးဇူးတင်မိတာလည်းအကြိမ်ကြိမ်။

ကျနော်မျက်နှာညိုးနေရင်တောင်ရိမင်ကစိုးရိမ်ပြီးကျနော်ပျော်အောင်အမျိုးမျိုးလုပ်ပေးတယ်။

💛If We Meet Again...💛{Completed}Where stories live. Discover now