"25"

658 64 6
                                    

Unicode❣️

"ကောင်းပြီ ငါအခုလာခဲ့မယ် အစည်းအဝေးအတွက်ပြင်ဆင်ထားလိုက်"

လော်ယွင်ရှီးနိုးနိုးချင်းကြားလိုက်ရတဲ့စကားသံ...
တစ်ယောက်ယောက်ဖုန်းပြောနေတဲ့အသံဆိုပိုမှန်မယ်။

နေ၏အလင်းရောင်ကမျက်စိကိုစူးနေသောကြောင့်တော်တော်နှင့်မျက်လုံးမဖွင့်နိုင်သေး။ခေါင်းထဲမှလည်းတစ်ချက်တစ်ချက်ထိုးကိုက်နေသေး၏။

ခုဏအသံကမောင့်အသံနဲ့တူလိုက်တာ..

တကယ်ပဲမောင်လား..

ထို့နောက်တံခါးတွန်းဖွင့်သံနှင့်အတူပြန်ပိတ်လိုက်သည့်အသံပါထပ်ကြားလိုက်ရသည်။အပြင်ကိုထွက်သွားတဲ့ပုံပဲ။

တဖြည်းဖြည်းချင်းအားယူပြီးမျက်လုံးကိုဖွင့်ကြည့်လိုက်တော့မျက်နှာကျက်အဖြူကိုအရင်ဆုံးမြင်ရလေသည်။

ထို့နောက်ရင်းနှီးနေသောအနံ့အရကျနော်ဆေးရုံကိုထပ်ရောက်လာပြန်ပြီမှန်းသိလိုက်သည်။

လှဲနေရာမှထထိုင်လိုက်ပြီးဘေးဘီကိုကြည့်မိတော့ဆေးရုံသီးသန့်ခန်းတစ်ခုထဲမှာ။အခန်းထဲတွင်ဘယ်သူမှလဲမရှိ။

ထိုအခိုက်အခန်းထဲဝင်လာသောသူနာပြုဆရာမလေးတစ်ယောက်။

"သတိရလာပြီကို အဆင်မပြေတဲ့နေရာရှိလားရှင့်"

"ခေါင်းတော့နည်းနည်းကိုက်တယ် ကျန်တာတော့အဆင်ပြေပါတယ်"

"အားပြတ်ပြီးလဲသွားတာပါ ခဏနေဆရာဝန်လာပြီးစစ်ဆေးပေးပါလိမ့်မယ်"

"ဟိုလေ..တစ်ခုလောက်မေးလို့ရမလား"

"ဟုတ်ကဲ့ မေးပါ"

"ကျနော်ကိုလိုက်ပို့တဲ့သူက.."

"အာ CEOချန်ကိုပြောတာလား သူကခုနလေးတင်အရေးကြီးကိစ္စရှိလို့ပြန်သွားပါတယ် မသွားခင်ကျွန်မကိုလည်း
ဒီကလူကြီးမင််းကိုဂရုစိုက်ပေးဖို့မှာသွားပါသေးတယ်"

"CEOချန်.."

"CEOနဲ့ရင်းနှီးတဲ့ပတ်သက်မှုမျိုးမဟုတ်ဘူးလားဟင် ကျွန်မတို့ကလူကြီးမင်းနဲ့CEOတို့ကရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့ထင်နေတာ
လူကြီးမင်းကိုခေါ်လာတုန်းကCEOကအရမ်းစိုးရိမ်နေတဲ့ပုံဆိုတော့လေ.."

💛If We Meet Again...💛{Completed}Where stories live. Discover now