"21"

558 50 2
                                    

Unicode❣️

ချန်ဖေးယွီတစ်ယောက်coffeeဆိုင်တွင်
coffeeနှစ်ခွက်နှင့်ယွင်ကြိုက်သည့်စတော်ဘယ်ရီကိတ်မှာလိုက်ကာယွင့်ကိုထိုင်စောင့်နေလိုက်သည်။ဒီနေ့အစီအစဥ်များကိုတွေးကာကြည်နူးလျှက်ဖြင့်မျက်နှာကလည်းပြုံးနေမိသည်။
ခဏကြာတော့ယွင်ရောက်လာသည်။

"မောင် ယွင်ကြိုက်တဲ့ကိတ်မှာထားပေးတယ်"

"အင်း ကျေးဇူးပဲမောင်"

"ယွင်ကြိုက်တယ်ဆိုရပါပြီ"

ယွင်ကဘာမှမပြောတော့ဘဲကိတ်ကိုသာငြိမ်ငြိမ်လေးစားနေတော့ကျနော်လည်းရှေ့ကချထားသောကော်ဖီကိုသာမွှေနေလိုက်တော့သည်။ကျနော်ကော်ဖီသိပ်မသောက်ချင်ဘူး...မနက်ကယွင်လုပ်ပေးတဲ့မနက်စာကိုစားထားလို့။ယွင်ကမနက်ကသိပ်မစားတာ
ကြောင့်ယွင်စားနေတုန်းလေးကျနော်ငြိမ်နေပေးလိုက်သည်။

"ငါတို့လမ်းခွဲကြမယ်..."

ကိတ်စားနေတာကိုလတ်စသပ်ပြီးပြောလာသောယွင့်စကားကနည်းနည်းလေးတောင်မှဆီလျော်မှုမရှိတဲ့စကားကြီး..။coffeeခွက်ကိုမွှေနေသောကျနော့်ရဲ့လက်တို့သည်လည်းထိုစကားကြောင့်ရပ်တန့်သွားလေသည်။
မထင်မှတ်ထားသောစကားကိုကြားလိုက်ရသောကြောင့်မယုံကြည်နိုင်သောအကြည့်တို့သည်ရှေ့တွင်ထိုင်နေသောယွင့်ဆီမှာ...

"ဘာလို့..ဘာလို့လဲ.."

အံ့သြမှုကြောင့်စကားတို့တောင်ထစ်ကုန်
သည်။သို့သော်ကျနော့်ရှေ့မှာထိုင်နေတဲ့ယွင်ကတော့ဒီစကားကိုပြောရတာအရမ်းကိုတည်ငြိမ်နေလေသည်...။

"ဒီအတိုင်း...ရှေ့မဆက်ချင်တော့ဘူး.."

"ယွင်ဘာတွေပြောနေတာလဲ မောင့်ကိုစိတ်ဆိုးနေတာလား ဘာလဲ မနေ့ကကိစ္စကြောင့်လား အဲ့တာဆိုမောင်တောင်းပန်ပါတယ်ကွာ မောင်သဝန်တိုတာယွင်မကြိုက်ဘူးဆိုနောက်ဆိုမောင်အတတ်နိုင်ဆုံးဆင်ခြင်ပါ့မယ် နော်"

ဟုတ်တယ်..ကျနော်ကအရမ်းသဝန်တိုတတ်တော့ယွင်စိတ်ညစ်သွားတာနေမှာ..

"မဟုတ်ဘူး မနေ့ကကိစ္စကစိတ်ထဲမှာကိုမရှိတာ နောက်ပြီး
မနေ့ကရိမင်နဲ့သွားတွေ့တယ်ဆိုတာကလည်းငါ့ရဲ့နောင်ရေးအတွက်သွားတိုင်ပင်တာ
.."

💛If We Meet Again...💛{Completed}Where stories live. Discover now