"5"

775 86 0
                                    

Unicode❣️

"ဒီနေ့မိုးရွာမယ်ထင်တယ်"

ဖေးယွီတစ်ယောက်ကိုကို့ကိုအလုပ်သို့လိုက်ပို့ရန်အိမ်ရှေ့မှာထိုင်စောင့်နေတုန်းကောင်းကင်ကြီးကိုကြည့်ပြီးပြောနေမိသည်။မိုးရာသီကိုသူမကြိုက်ဘူး...ဘာလို့လဲဆိုတာတော့သူလဲသေချာမသိဘူး။ဒီအတိုင်း..သဘောမကျတာ။

"ဖေးယွီ ငါပြီးပြီ သွားကြမယ်"

"ဟုတ်"

Busဂိတ်ထိရောက်အောင်သူတို့အိမ်ကနေဆယ်မိနစ်လောက်လမ်းလျှောက်ရသည်။

"ကိုကို ဒီအတိုင်းပဲနေတော့မှာလား"

"ဟမ် ဒီအတိုင်းမနေလို့ငါကဘယ်လိုနေရမှာလဲ"

"ကျွန်တော်ပြောတာကအချိန်ပိုင်းအလုပ်တွေလျှောက်လုပ်နေမဲ့အစားအလုပ်တစ်ခုခုအတည်တကျလုပ်ပါလားလို့"

"အတည်တကျအလုပ်တစ်ခု...ခုလိုတစ်နေ့လုံးဟိုပြေးလိုက်ဒီပြေးလိုက်နဲ့အလုပ်တွေမနားတမ်းလုပ်နေတာပျော်လို့မှမဟုတ်တာအတည်တကျအလုပ်တစ်ခုခုငါလည်းလိုချင်တာပေါ့..ဒါပေမဲ့ငါ့လိုဘာမှသေချာမသိမတတ်တဲ့သူကဘာအလုပ်များလုပ်နိုင်မှာမိုလို့လဲ ဘွဲ့တောင်မရတာ"

"ဒါပေမဲ့ခုလိုလုပ်နေရတာကိုကိုပင်ပန်းတယ်လေ ဒီလိုလုပ်ကျွန်တော်ကိုကို့အိမ်မှာနေနေပြီဆိုမှတော့ထမင်းဖိုးတော့ပေးရမှာပေါ့ ကိုကို့အလုပ်တွေကျွန်တော်လုပ်ပေးမယ်"

"စကားနဲ့တင်ကျေးဇူးတင်ပါတယ် ဒါပေမဲ့မလိုပါဘူး အလုပ်လုပ်ရတာပင်ပန်းတယ်လည်းမဟုတ်ပါဘူး နေသားကျနေပါပြီ မင်းကိုတော့ငါတင်ကျွေးထားနိုင်ပါသေးတယ်နော်"

"ဒါပေမဲ့..."

"ဟော မိုးရွာလာပြီ အဲ့ဒါမှဒုက္ခပဲ ငါထီးယူမလာခဲ့ရဘူး"

​စကားပြောနေရင်းမိုးကရွာလာလေသည်။

"ကိုကိုမေ့မယ်ဆိုတာသိလို့ကျွန်တော်ယူလာပါတယ် ဒီဘက်တိုး"

အမြဲတမ်းထီးယူဖို့မေ့နေသောလူကြီးကြောင့်သူ့မှာနေ့တိုင်းထီးဆောင်ထားရသည်။သူမရှိတုန်းကဘယ်လိုများနေနေလဲမသိ။ဒီလူကြီးလေးအကြောင်းကိုသိလာလေလေသူ့မှာကာကွယ်ပေးချင်စိတ်တွေဖြစ်လာလေလေပဲ။အရမ်းကိုပေါ့ပေါ့ဆဆနေလွန်းတယ်၊ပြီးရင်ရှက်ပြာရှက်ပြာနဲ့။

💛If We Meet Again...💛{Completed}Where stories live. Discover now