"19"

519 50 5
                                    

Unicode❣️

"ယွင်.."

"ဟင် "

"ယွင်တစ်ခုခုဖြစ်နေတာလား"

"ဘာလို့လဲမောင်ရ"

"ယွင့်မျက်နှာလေးညိုးနေသလိုပဲ မကောင်းတာတစ်ခုခုရှိလို့လား "

busဂိတ်ကနေအိမ်သို့လမ်းလျှောက်ပြန်နေတုန်းဘေးမှယွင့်ကိုကျနော်မေးလိုက်မိသည်။ခုနကတည်းသတိထားမိနေတာ..
အစကတည်းကယွင့်မျက်နှာကိုတစိမ့်စိမ့်
ကြည့်နေကျမို့တစ်ခုခုမူမမှန်တာဆိုအလိုလိုခံစားမိနေပြီးသား။

**ယွင့်မှာဘာအခက်အခဲတွေများရှိနေတာလဲ**

ယွင်ကကျနော်အမေးကြောင့်မသိမသာလေးသက်ပြင်းချလိုက်တာကိုလည်းကျနော်သိသည်။ကျနော့်လက်ကိုဆုပ်ကိုင်ထားတဲ့ယွင့်လက်လေးတွေတောင်ပိုတင်းကြပ်သွားသလားလို့။ဒါပေမဲ့ယွင်ကတော့ကျနော့်ကိုပြုံးပြလာကာ

"ဘာမှမဖြစ်ပါဘူးမောင်ရဲ့ ရာသီဥတုကပူလာတော့ခေါင်းသိပ်မကြည်လို့ပါ "

"အင်းပါ တကယ်လို့ယွင့်မှာအခက်အခဲတစ်ခုခုရှိရင်မောင့်ကိုမပြောဘဲမနေနဲ့နော် မောင်တို့ကချစ်သူတွေမလား ဘာအခက်အခဲပဲရှိရှိအတူတူကျော်ဖြတ်ကြမယ်နော်"

ကျနော့်စကားကိုကြားတော့ယွင်ကလမ်းလျှောက်နေရာမှခဏရပ်လိုက်ကာ
ကျနော့်ကိုကြည့်လာလေသည်။ဒီနေ့ဘာလို့
ယွင့်ရဲ့အကြည့်တွေအပြုံးတွေကအရင်နေ့တွေကထက်မတောက်ပသလိုကျနော့်စိတ်ထဲခံစားနေရတာလဲ။

"ဟုတ်ပါပြီ တစ်ခုခုဆိုမောင့်ကိုပြောပြမယ်နော်"

"အင်း.."

ကျနော်စိတ်ထင်လို့ပဲနေမှာပါလေ...

>>>>>>>>>>

ယွင်ရှီးဒီနေ့အလုပ်မသွားဘဲရိမင်နှင့်တွေ့ရန်ချိန်းထားသည့်ဆိုင်သို့ထွက်လာလိုက်သည်။မောင့်ကိုတော့ရိမင်နဲ့သွားတွေ့တာအသိမပေးခဲ့။ထုံးစမ်အတိုင်းအလုပ်ထိမောင်လိုက်ပို့ပေးပြီးမှရိမင်နှင့်သွားတွေ့ခြင်းပင်။

ရိမင်နဲ့တွေ့ရသည့်အကြောင်းအရင်းကတော့မတွေ့ရသည့်နှစ်များအတွင်းပထမဆုံးအ
ကြိမ်ပြန်ဆုံပြီးစကားအေးအေးဆေးဆေးပြောရန်နှင့်လက်ရှိသူ့အခြေအနေကိုရင်ဖွင့်ရန်။

💛If We Meet Again...💛{Completed}Where stories live. Discover now