"32"

587 49 8
                                    

Unicode❣️

ကြယ်တွေစုံလင်နေသောကောင်းကင်ကြီးကိုချစ်ရသူလေးအားရင်ခွင်ထဲထည့်ရင်းကြည့်ရတဲ့ခံစားချက်ဟာ...ဘာနဲ့မှနှိုင်းယှဥ်လို့မရဘူးဆိုတာ...FAတွေ(စာရေးသူအပါအဝင်ಥ‿ಥ)မသိနိုင်တဲ့လောကစည်းစိမ်ထဲကတစ်ခုပဲ။

မကြာသေးခင်ကမှနားလည်မှုရသွားတဲ့ကျွန်တော်တို့နှစ်ယောက်ဟာ...ကိုယ်စီ...ရင်ထဲမှအစိုင်အခဲများကို...လွှတ်ချလိုက်ခြင်းကြောင့်...စိတ်ပေါ့ပါးသက်သာသွားကာ...ဘာအပူအပင်မှမရှိတော့ဘဲ...​ကြယ်တွေစုံနေတဲ့ကောင်းကင်ကြီးကို..ထိုင်ကြည့်နေကြသည်။

ဒီလိုကျတော့လည်း...ဟိုးအရင်ကတည်းက...ယွင်ဘယ်လောက်ပဲကျွန်တော့်ကို...သူ့ဘဝထဲကနှင်ထုတ်ခဲ့ပါစေ...ကျွန်တော်မရရအောင်...ယွင့်ဘေးနားမှာ..ပီကေလို..ကပ်နေခဲ့သင့်သည်ဟုတွေးမိသည်။

အဲ့လိုဆို...ကျွန်တော်တို့...အလကားသပ်သပ်..ခံစားနေခဲ့ရမှာမဟုတ်ဘူး။

ယွင်နဲ့အတူကုန်ဆုံးရမဲ့...ငါးနှစ်တာအချိန်ကာလကို...ကျွန်တော်တို့တစ်ယောက်တစ်နေရာစီမှာ...နာကျင်မှုကိုယ်စီနဲ့...အထီးကျန်စွာဖြတ်သန်းခဲ့ရတယ်။

ကျွန်တော်ဘာလို့...အသုံးမကျခဲ့ရတာလဲ...

ဒါပေမဲ့...အခုလည်းအရမ်းကြီးနောက်မကျသေးတာကြောင့်...ယွင့်ဘေးနားမှာ...ပီကေလေးတစ်ခုလိုကပ်နေပြီး...အမြဲတမ်း..ယွင့်ကိုပျော်အောင်ထားမယ်...

ကျွန်တော်ရဲ့ပျော်ရွှင်မှုဆိုတာ...'ယွင်'ဆိုတဲ့ချစ်မဝတဲ့လူသားလေးဖြစ်နေတဲ့အတွက်...သူသာရှိရင်..ကျွန်တော်လည်းကျိန်းသေပေါက်ပျော်ရွှင်ရမှာ...

ကျွန်တော့်ကြောင့်နဲ့...ယွင့်ကိုထပ်ပြီးမခံစားစေရတော့ဘူး...

ကျွန်တော့်ရင်ခွင်ထဲကလူကြီးလေးကို...
ငုံ့ကြည့်လိုက်ရင်း...အသည်းယားလာတာကြောင့်..ဖက်ထားတာကိုပိုမိုတင်းကြပ်လိုက်တော့..'အင့်'ခနဲတောင်အသံလေးထွက်သွားလေသည်။

"မောင်.."

"ဗျာ.."

"မောင်ဟိုနေ့ကပြောခဲ့တယ်လေ...မောင့်အမေငါ့ကိုလာတွေ့တဲ့အကြောင်းကိုသိနေခဲ့တယ်ဆိုတာ...မောင်ဘယ်လိုသိသွားတာလဲဟင်"

💛If We Meet Again...💛{Completed}Where stories live. Discover now