"13"

555 52 2
                                    

Unicode❣️

အခုဆိုရင်ကိုကိုနဲ့လည်းချစ်သူတွေဖြစ်သွားပြီဆိုတော့ချန်ဖေးယွီလည်းအလုပ်ရှာရတော့သည်။သူ့မှာပိုင်ဆိုင်တဲ့အရာတွေအများကြီးရှိပင်မဲ့သူ့အစွမ်းအစကြောင့်ရလာတာမဟုတ်တဲ့အတွက်သူမသုံးချင်။

အလုပ်ရှာရင်းရောက်တတ်ရာရာလျှောက်သွားနေတုန်းအဖိုးကြီးတစ်ယောက်ကအထုပ်တွေအများကြီးသယ်ကာသူ့ရှေ့ကသွားနေသည်ကိုသတိပြုမိလေသည်။သူနဲ့နည်းနည်းတော့လှမ်းသည်။အဖိုးကြီးကဖြေးဖြေးလေးလျှောက်နေတုန်းအမြန်မောင်းလာသည့်ဆိုင်ကယ်တစ်စီးကကားကိုကျော်တက်ကာလမ်းကကျဥ်းသဖြင့်လမ်းဘေးလေးမှာကပ်လျှောက်နေသည့်ထိုအဖိုးကြီးကိုမထိရုံတမယ်လေးဖြစ်သွားပြီးမောင်းသွားလေသည်။အဖိုးကြီးမှာတော့ရုတ်တရက်မို့လန့်သွားကာလက်ထဲကသယ်လာသောအထုပ်တွေလမ်းပေါ်သို့ပြန့်ကျဲသွားပြီးလူကလည်းခွေကနဲလဲသွားလေသည်။ဖေးယွီလည်းနောက်ကနေပြေးပြီးအဖိုးကြီးကိုသွားထူပေးလိုက်သည်။

"အဖိုး အဆင်ပြေရဲ့လား ဘယ်နားခိုက်မိသွားသေးလဲ လူတွေကလည်းဘာတွေအလျင်လိုနေမှန်းမသိဘူး လမ်းကျဥ်းကျဥ်းလေးကို
အမြန်မောင်းနေတာ စည်းမရှိကမ်းမရှိ အဖိုး ထ ထ ကျွန်တော့်ကိုတွဲလိုက်"

"အဖိုးဘာမှမဖြစ်ပါဘူးကွယ် လူလေးကိုကျေးဇူးတင်ပါတယ်"

လမ်းဘေးလေးမှာခုံတန်းလေးတစ်ခုတွေ့တာကြောင့်ဖေးယွီလည်းအဖိုးကိုထိုခုံတွင်ထိုင်ခိုင်းလိုက်ပြီးအောက်ကျသွားသောအထုပ်များကိုကောက်ပေးလိုက်သည်။

"အဖိုး ဘယ်သွားမှာလဲ ကျွန်တော်လိုက်ပို့ပေးမယ်လေ"

"ရပါတယ်ကွယ် အဖိုးကဒီကနေနည်းနည်းလောက်ဆက်သွားရင်ရောက်တဲ့လမ်းထိပ်ကဆိုင်ကလေးမှာနေတာကွယ့် ခေါက်ဆွဲဆိုင်လေ အဖိုးကဟိုးအရင်ကတည်းကခေါက်ဆွဲဆိုင်ဖွင့်လာတာ"

"ဟုတ်လား ဒါဆိုကျွန်တော်ဆိုင်အထိလိုက်ပို့ပေးပါ့မယ် ကျွန်တော့်အတွက်အပန်းမကြီးပါဘူး"

"ဒါဆိုလည်းကျေးဇူးပါပဲကွယ်"

ဖေးယွီလည်းအဖိုးကိုဆိုင်အထိလိုက်ပို့ပေးလိုက်သည်။အဖိုးပြောသလိုရှေ့ကိုနည်းနည်းလောက်ဆက်သွားလိုက်တော့မြင်ရတဲ့လမ်းထိပ်ကခေါက်ဆွဲဆိုင်ကလေး

💛If We Meet Again...💛{Completed}Where stories live. Discover now