"11"

570 58 0
                                    

Unicode❣️

"လွမ်းနေတာ ကိုကို့ကိုအရမ်းလွမ်းနေတာ"

မပြောမဆိုရောက်လာပြီးလူကိုအတင်းဖက်ကာပြောနေတဲ့ဖေးယွီကြောင့်
လော်ယွင်ရှီးမှာဟင်းချက်တဲ့ယောက်မကြီးကိုင်ပြီးကြောင်တောင်တောင်...

"ခဏ..ခဏလွှတ်ပါအုံးဖေးယွီရဲ့ ကိုကိုကဟင်းချက်ရင်းတန်းလန်းကြီးကို"

ထိုသို့ပြောကာမှလွှတ်ပေးပါသောအမောင်ဖေးယွီ

"ဟီး Sorry ကိုကို့ကိုမတွေ့ရတာကြာတော့ကျွန်တော်ကလွမ်းနေလို့"

"ဪ...မတွေ့ရတာလေးရက်ကြီးများတောင်ဆိုတော့အရမ်းကိုလွမ်းနေမှာပဲနော်"

"ကျွန်တော့်အတွက်ကတော့လေးရက်ကလေးနှစ် အနှစ်လေးဆယ်လောက်ကိုကြာတယ်လို့ခံစားရတယ် ဖြစ်နိုင်ရင်ကိိုကိုနဲ့တစ်ရက်လေးတောင်ခွဲချင်တာမဟုတ်ဘူး"

ဖေးယွီ၏အနှောင့်မလွတ်အသွားမလွတ်စကားကြောင့်လော်ယွင်ရှီးမျက်နှာကိုရေနွေးပူနဲ့ပက်ခံသလိုပူရှိန်းရှိန်းဖြင့်..။

"လေးရက်လုံးလုံးဖုန်းလေးတစ်ချက်တောင်ဆက်ဖော်မရတဲ့သူကများ"

"ကျွန်တော်မှာဖုန်းမှမရှိဘဲ ပျောက်နေတာကြာပြီ တစ်လုံးလောက်တော့ဝယ်အုံးမှပါ ခုနေ့လိုက်ဝယ်မယ်နော်"

"အင်းပါ ဟုတ်ပါပြီ ခုတော့ဟင်းဆက်ချက်လိုက်အုံးမယ်နော် အလုပ်နောက်ကျတော့မယ် ဖေးယွီလည်းသွားနားချင်နားလေ"

"ရတယ် ကိုကို ဒီမှာပဲထိုင်တော့မယ် "

ပြောလည်းပြောထမင်းစားပွဲကခုံမှာဝင်ထိုင်လိုက်သည်။ခုဏကတွေ့ချင်ဇောနဲ့မို့အသည်းအသန်တွေဖြစ်နေတာ၊ခုမှမောတောင်​ေမာလာသလိုပဲ။မလွယ်ပါလားနော်...

"​ေရာ့ ရေသောက်လိုက်အံုး "

ကိုကိုလာချပေးသော​ေရတစ်ခွက်ကိုအားရပါးရသောက်ပြီးအမောဖြေလိုက်သည်။

"ကိုကိုရောကျွန်တော့်ကိုမလွမ်းဘူးလား.."

ဒီကလေးတော့ဘာတွေလာမေးနေပြန်ပြီလဲမသိဘူး..အမှန်တိုင်းပြောရရင်လွမ်းသလိုတော့ရှိသား၊ဒါပေမဲ့လွမ်းတယ်လို့ပါးစပ်ကပြောမထွက်ဘူး..ဖေးယွီပဲအဲ့လိုအသည်းယားစရာစကားတွေပြောထွက်တာ..လော်ယွင်ရှီးကတော့တွေးကြည့်ရုံနဲ့တင်ကြက်သီးထတယ်..အဲ့တာနဲ့ပဲ

💛If We Meet Again...💛{Completed}Where stories live. Discover now