"16"

539 55 4
                                    

Unicode❣️

'တီ...'

လော်ယွင်ရှီးအလုပ်လုပ်ပြီးခဏနားချိန်တွင်အချိန်ကိုက်ဖုန်းလာသောကြောင့်ကြည့်လိုက်တော့အမည်မသိဖုန်းနံပါတ်...။

📞ဟယ်လို..📞

📞ဟယ်လို လော်ယွင်ရှီးမလား
တို့ကချန်ဖေးယွီရဲ့အမေ..📞

ဖုန်းဆက်လာသူကမောင့်အမေမို့ယွင်ရှီး
အံ့သြသွားသလိုနည်းနည်းလည်းလန့်မိသည်။

ဘာလို့မောင့်အမေကငါ့ဆီဆက်သွယ်လာတာပါလိမ့်..

📞ဟုတ်ကဲ့ မင်္ဂလာပါအမေ
ကျွန်တော်ကိုဘာများ
ပြောစရာရှိလို့လဲမသိဘူး📞

ယွင်ရှီးအသံတုန်သွားလားတောင်မသိ..မောင့်အမေဆိုတော့အလိုလိုရှိန်မိနေတာ။ဒါတောင်ဖုန်းထဲကအသံကြားရုံပဲရှိသေးတာကို><

📞ဟက်..အမေတဲ့လား..
ထားပါ တို့မင်းနဲ့တွေ့ချင်တယ်
ပြီးတော့သားကိုလည်း
တို့မင်းကိုခေါ်တွေ့တယ်ဆိုတာ
မသိစေချင်ဘူး📞

ဘာလို့ငါနဲ့တွေ့ချင်တာလဲမသိဘူး??

📞ဟုတ်ကဲ့ ကျွန်တော်ဘယ်ကို
လာခဲ့ရမလဲ📞

📞အချိန်နဲ့နေရာကို
messageပို့လိုက်မယ်
ဒါနဲ့သားကိုအသိမပေးနဲ့နော်📞

📞ဟုတ်ကဲ့ စိတ်ချပါ📞

မောင့်အမေဖုန်းချသွားမှယွင်ရှီးလည်းအသက်ဝဝရှုရဲတော့သည်။ဘာလို့တွေ့ချင်ရတာလဲ..ပြီးတော့ဘာလို့မောင့်ကိုမသိစေချင်ရတာလဲ။နည်းနည်းတော့စိတ်လေးနေသလိုပဲ။
ဘာပဲဖြစ်ဖြစ်လူကြီးကခေါ်တွေ့တယ်ဆိုတော့လည်းအလေးထားပြီးသွားတွေ့ရမှာပေါ့..အင်း..မောင့်အမေသဘောအတိုင်းမောင့်ကိုအသိမပေးဘဲနဲ့ပေါ့။

ထို့နောက်နားချိန်ပြည့်သွား၍အလုပ်ထဲတွင်သာစိတ်နှစ်ထားလိုက်တော့သည်။
.
.
.
ဒီနေ့မောင့်အမေနဲ့တွေ့စရာရှိတာမို့နေ့ခင်းလောက်ရောက်တော့ဆိုင်ရှင်ကိုခွင့်တောင်းကာအလုပ်စောစောဆင်းရသည်။မောင့်ကိုလည်းသွားစရာရှိလို့လာမကြိုဘဲအရင်ပြန်
နှင့်ဖို့​ဖုန်းဆက်ပြောရသေးသည်။ဒါတောင်ဘာကိစ္စလဲဘယ်သွားမှာလဲဘယ်သူနဲ့လဲဆိုပြီးအတင်းမေးနေတဲ့မောင့်ကိုမနည်းလှည့်ပတ်ဖြေနေရသေးသည်။ဂရုစိုက်ဖို့တတွတ်တွတ်မှာရင်းလွမ်းနေပြီမို့မြန်မြန်ပြန်လာခဲ့ဆိုတဲ့မောင့်​​ကြောင့်လော်ယွင်ရှီးပြုံးမိသည်။ပါးစပ်ကသာအပိုတွေလို့ပြောနေပေမဲ့ဖြစ်နိုင်ရင်
မောင့်နားမှာကော်ကပ်ထားသလိုကိုကပ်နေချင်တာ...သူလည်းမောင့်ကိုမမြင်ရင်မနေနိုင်တာပဲ။

💛If We Meet Again...💛{Completed}Where stories live. Discover now