"15"

609 48 4
                                    

Unicode❣️

"ဒါက..."

"ဒါကယွင်နဲ့မောင်အတူတူပိုက်ဆံစုရအောင်လို့လုပ်ထားတဲ့ဘဏ်စာအုပ် ဒီလရတဲ့ယွင့်ရဲ့လစာနဲ့ မောင် ယွင့်ကိုအပ်ထားတဲ့လစာကိုပါထည့်ထားလိုက်တာ နောက်လတွေကျရင်လည်းဒီထဲမှာစုထားမယ်နော်"

ညအိပ်ယာဝင်ခါနီး မနက်တုန်းကသွားလုပ်ထားသောဘဏ်စာအုပ်လေးကိုပြလိုက်တော့တအံ့တသြကြည့်လာတဲ့မောင်...ကိုယ့်ရဲ့စိတ်ကူးကိုပြောပြတော့လည်းသဘောတကျရယ်ကာလူကိုအတင်းရင်ခွင်ထဲထည့်ပြီးဖက်ထားလေသည်။

"မောင့်ရဲ့ယွင်ကစေ့စပ်လိုက်တာ အဲ့တာကြောင့်ချစ်နေရတာ"

"ဘာမှလဲမဆိုင်ဘူး"

"မဆိုင်လည်းချစ်တယ် ဟီးဟီး"

ပြုံးဖြီးဖြီးနဲ့မောင့်ကိုယွင်ရှီးကမနိုင်ဘူး
ဆိုသည့်အကြည့်ဖြင့်သာကြည့်လိုက်သည်။
မောင့်ရင်ခွင်ထဲကထွက်လိုက်ပြီးကိုယ်သိချင်နေတဲ့အကြောင်းအရာများကိုယွင်ရှီးမေးလိုက်သည်။

"ဒါနဲ့မောင်ပြောခဲ့တယ်နော် မောင့်အဖေကို
ဆန့်ကျင်ပြီးဒီမှာပဲကျောင်းတက်ချင်တယ်လို့"

"အင်းလေ.."

"ဒါဆိုမောင်ရဲ့ရည်မှန်းချက်ကဘာလဲဟင်"

"မောင့်ရဲ့ရည်မှန်းချက်ကဘယ်သူ့အကူအညီမှမပါဘဲမောင်ရဲ့ကိုယ်ပိုင်အားနဲ့စီးပွါးရေးလုပ်ချင်တာ ဒီတစ်ခေါက်ဖိုးဖိုးကုမ္ပဏီကိုလိုက်သွားပြီးလေ့လာကြည့်လိုက်တော့ဒီလိုစီးပွါးရေးအကြီးကြီးတွေလုပ်ရတာတကယ်စိတ်ဝင်စားဖို့ကောင်းမှန်းမောင်သိခဲ့တယ် အစကတည်းကမောင်ရဲ့ရည်မှန်းချက်လည်းပိုသေချာသွားခဲ့ပြီးပါးပါးကိုဆန့်ကျင်ခဲ့တာ"

မျက်လုံးလေးတွေအရောင်တလက်လက်ဖြင့်
သူ့ရည်မှန်းချက်ကိုပြောပြနေသောမောင့်မျက်နှာမှာလေးနက်မှုအပြည့်ဖြင့်..ထို့အတူသူ့ရည်မှန်းချက်ဖြစ်မြောက်အောင်ကြိုးစားရမည်ကိုတွေးပြီးတက်​ကြွနေသောဟန်ပန်တွေ။

"ယွင့်အိပ်မက်ကရော.."

မောင့်မျက်နှာလေးကိုပြုံးပြီးကြည့်နေသည့်သူ့ကိုတဖန်မောင်ကမေးလာလေသည်။

💛If We Meet Again...💛{Completed}Where stories live. Discover now