"8"

672 70 6
                                    

Unicode❣️

ကိုကိုကအနာရှိန်ဖြင့်ဖျားနေသောကြောင့်ယခုညတော့ဖေးယွီကိုကိုနဲ့အတူအိပ်ဖြစ်သည်။အရင်ကကိုကို့အခန်းအခုတော့သူ့အခန်းလို့ပြောလို့ရတဲ့အခန်းမှာပေါ့...။

ဆေးသောက်ထား၍အိပ်ပျော်နေတဲ့ကိုကို့ကိုကြည့်ရင်းချန်ဖေးယွီအတွေးများကမနက်ကကိစ္စများဆီသို့...

ဟိုတစ်နေ့ကသူတို့နောက်ကိုလူလိုက်တဲ့ကိစ္စကမားလုပ်ခိုင်းတာမှန်းသိသောကြောင့်မားနဲ့တွေ့ရန်သူမသွားချင်သောအိမ်ကြီးသို့ထွက်လာခဲ့လိုက်သည်။ဒီအချိန်ဆိုအကုန်လုံးကအလုပ်သွားနေကြမှာမို့မားတစ်ယောက်သာရှိမဲ့အချိန်ကိုရွေးပြီးလာခဲ့ခြင်းဖြစ်သည်။

"Oh!!ငါ့သားလေး...နောက်ဆုံးတော့ပြန်လာပြီပေါ့"

ဧည့်ခန်းထဲမှာသတင်းစာထိုင်ဖတ်နေတဲ့မားကဖေးယွီကိုမြင်တော့ဝမ်းသာအားရနဲ့လာဖက်သည်။

"မဟုတ်ဘူး မားကိုပြောစရာရှိလို့လာခဲ့တာ ပြီးတာနဲ့သားပြန်သွားမှာ"

ဖေးယွီစကားကိုကြားတော့မားကစိတ်ပျက်သွားဟန်ဖြင့်ဧည့်ခန်းကဆိုဖာမှာပြန်ထိုင်လိုက်သည်။

"အဲ့တော့ သားကမားကိုဘာပြောစရာရှိလို့လဲ"

ဖေးယွီလည်းမားနဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်ပြီး

"သားနောက်ကိုလူလွှတ်ပြီးစောင့်ကြည့်ခိုင်းတာတွေမလုပ်ပါနဲ့ ပြီးတော့ကိုကို့ကိုလုံးဝမထိပါနဲ့ "

"ဖေးယွီ!!သားကိုစိတ်မချလို့နောက်ကလူလွှတ်ပြီးစောင့်ကြည့်ခိုင်းတာမားလွန်လို့လား အဲ့လိုမလုပ်စေချင်ရင်သားအိမ်ပြန်လာခဲ့ ပြီးတော့သားရဲ့ဟိုကောင်လေးကိုမားဘာလုပ်သေးလို့လဲ"

"မားအကြောင်းကိုသိလို့ပြောနေတာ အရင်တုန်းကလည်းမားသဘောမကျတဲ့သားသူငယ်ချင်းတွေကိုတစ်ခုမဟုတ်တစ်ခုပြဿနာပေးနေကြပဲလေ ဒီတစ်ခါသားလုံးဝသည်းခံမှာမဟုတ်ဘူးနော် ကိုကို့ကိုထိတဲ့နေ့မားအိပ်မက်တွေပျက်စီးတဲ့နေ့လို့မှတ်ထားပေးပါ"

"မင်း!!ဒါအမေကိုပြောရမဲ့စကားလား အဲ့ကောင်လေးကိုငါဘာလုပ်နေသေးလို့လဲ ဘာလို့ဒီလောက်တောင်အဖြစ်သည်းနေရတာလဲ ဖေးယွီ မဟုတ်မှလွဲရော မားထင်နေတာမဟုတ်ပါဘူးနော်..."

💛If We Meet Again...💛{Completed}Where stories live. Discover now