Unicode❣️
"ခု ဘယ်ကလာတာလဲ"
"ဟမ် ဘယ်ကလာရမှာလဲ အလုပ်ကလာတာပေါ့မောင်ရ"
"ဟုတ်လို့လား?"
မျက်ခုံးနှစ်ဖက်တွန့်ချိုးကာမေးလာသော
မောင့်ကြောင့်ကျနော်ချွေးတောင်ပြန်လာသလိုပဲ။ဒီနေ့ကျမှမောင်ကထူးဆန်းနေတယ်။ရိမင်နဲ့သွားတွေ့တာသိသွားတာများလား...
အဲ့တာကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"ဟုတ်..ဟုတ်ပါတယ်ဆို မောင်ကဘာလို့မေးတာလဲ"
"ဟင်း..ထားလိုက်ပါတော့ မဟုတ်ဘူးဆိုလည်းပြီးတာပါပဲ ပြန်ရအောင်လေ"
"အင်း..."
မောင်ကထပ်မမေးတော့လေတော်ပါသေး၏။နို့မိုဆိုမောင့်ကိုကျနော်ဘယ်လို
လှည့်ပတ်ဖြေရမလဲမသိ။ဒါပေမဲ့အပြန်လမ်းတစ်လျှောက်လုံးတိတ်နေတဲ့မောင့်ကြောင့်အနည်းငယ်တော့နေရခက်နေသည်။မောင်စိတ်ဆိုးသွားတာလား...
Busပေါ်ကဆင်းသည့်အထိမောင်ကကျနော့်ကိုစကားမပြောသေး။မောင့်လက်ကိုကျနော်မဝင့်မရဲဖြင့်သွားကိုင်လိုက်တော့ပြန်လည်ဆုပ်ကိုင်လာလေသည်။ထိုအခါမှကျနော့်စိတ်ထဲအနည်းငယ်နေရသက်သာသွားတော့
သည်။"မောင်~"
'မောင်'လို့ကျနော်တိုးတိုးလေးခေါ်လိုက်တော့မောင်ကလမ်းလျှောက်နေရင်းကျနော့်ကိုလှည့်ကြည့်လာသည်။
"စိတ်ဆိုးနေတာလားဟင်"
ကျနော်အဲ့လိုမေးလိုက်တော့မောင်ကရှေ့ကိုပြန်လှည့်သွားပြီး
"မဆိုးပါဘူး"
ဟုပြန်ဖြေလေသည်။ကျနော်ဘာဆက်ပြောရမလဲမသိတော့ပါ။ကျနော်တို့နှစ်ယောက်ကြားတွင်တဖန်တိတ်ဆိတ်သွားပြန်လေသည်။မောင်ကအရင်လိုကျနော့်ကိုမကြည့်ဘဲရှေ့ကိုသာကြည့်ပြီးသွားနေသလိုကျနော်ကတော့မောင့်ကိုကြည့်ပြီးသာသွားနေလေသည်။ဒါပေမဲ့..မောင်က
သူဆုပ်ကိုင်ထားသောကျနော့်လက်တွေကိုတော့လွှတ်မပေးခဲ့ပါ။
.
.
.
ကျနော်စိတ်ဆိုးနေတယ်...ယွင်ကကျနော်ကိုညာလို့။တကယ်ဆိုသူသာအမှန်တိုင်းပြောရင်ကျနော်ခုလိုစိတ်ဆိုးမိမှာမဟုတ်ဘူး။ပြီးတော့အဲ့တုံးအအလူကြီးလေးကိုကျနော်စိတ်ဆိုးနေတယ်ဆိုတာသူကျနော့်ကိုပြန်ချော့စေချင်လို့စိတ်ကောက်နေတာပါလို့ပြောပြချင်တယ်။ဒါပေမဲ့လည်းမရှိမဲ့ရှိမဲ့မာနလေးကခံနေတော့ဒီအတိုင်းဘာမှမပြောဘဲနေလိုက်တော့တယ်။ဟုတ်တယ်လေ..အမြဲကျနော်ကပဲသဝန်တိုလိုက်၊စိတ်ကောက်လိုက်လုပ်နေရတာ။မသိရင်ကိုယ်ကပဲသဘောထားသေးသိမ်တဲ့သူကျလို့။ဒီတစ်ခါတော့သူ့ဘာသာသူသဘောပေါက်ပြီးပြန်ချော့လာတာကိုပဲစောင့်မယ်။မချော့လို့ကတော့မခေါ်ဘူးမှတ်။