Unicode❣️
ရှုပ်ယှက်ခတ်နေသောလမ်းမကြီးပေါ်တွင်သွားလာလှုပ်ရှားနေကြသောလူများကိုဆိုင်အတွင်းမှတစ်ဆင့်လော်ယွင်ရှီးကြည့်နေမိသည်။
အခု...သူ..ကော်ဖီဆိုင်တစ်ဆိုင်တွင်...ရောက်နေခြင်းဖြစ်သည်။
သူ့ရှေ့တွင်တော့..တစ်လောကလုံးတွင်သူတစ်ယောက်တည်းရှိသည့်ပုံဖြင့်...
အေးအေးဆေးဆေး..ကော်ဖီထိုင်သောက်နေသောလူတစ်ယောက်လည်းရှိသေးသည်။တခြားလူတော့မဟုတ်...ငါးနှစ်အကြာမှ...သူ့ရှေ့ကို..ဘာမှမဖြစ်ခဲ့သလိုပုံစံနဲ့..ပြန်ရောက်လာတဲ့..နှစ်ယောက်မရှိတဲ့..သူ့ရဲ့ချစ်ရသူ...မောင်။
မောင့်ကိုမြင်မြင်ချင်းမတ်တပ်ရပ်လျှက်ကြောင်အနေတဲ့သူ့ကိုကော်ဖီဆိုင်တစ်ဆိုင်သို့ဆွဲခေါ်လာသောမောင်။
အသိမရှိသူတစ်ယောက်လို...မောင်ဆွဲခေါ်ရာနောက်..ပါလာသောသူ။
အခုတော့...ဘာစကားမှမပြောဘဲ...ကော်ဖီသာထိုင်သောက်နေပြန်သည်။
ထို့ကြောင့် မနေနိုင်တဲ့သူကပဲစကားစလိုက်တော့သည်။
"မောင်...မဟုတ်သေးပါဘူး...ယွီအာ..ငါ့ကိုဘာပြောစရာရှိလို့လဲ"
သူ့စကားကြောင့်မောင်ကကော်ဖီသောက်နေရာမှမျက်လုံးလှန်ကြည့်လာလေသည်။
"ပြောစရာ...အင်း..ြေပာစရာတွေကတော့အများကြီးပဲ ဘယ်ကစပြောရင်ကောင်းမလဲ"
စကားကိုအလေးမထားသလိုပုံစံမျိုးဖြင့်ပြောနေသောမောင့်ကိုသူစိတ်မရှည်ချင်တော့...
"အဲ့တာဆို ငါပြောမယ် ဘာလို့ငါ့ဆိုင်ကိုလိုချင်နေရတာလဲ"
"အာ..အဲ့တာလား..ဒီလိုပါပဲ"
"ဘာ..ဒီလိုပါပဲ?? မင်း..တကယ်ပဲဘာဖြစ်ချင်နေတာလဲ ချန်ဖေးယွီရယ်..ဘာလဲ ငါ့ကိုမုန်းလို့ ပြန်ပြီးလက်စားချေချင်လို့လား"
ဒေါသစိတ်ကြောင့်အသံကအနည်းငယ်ကျယ်သွားလေသည်။ဆိုင်ထဲရှိ တခြားဝိုင်းကလူများကတောင်သူ့တို့ဝိုင်းကိုလှမ်းကြည့်နေကြသည်။
ရှေ့က..မောင်ကတော့မျက်တောင်တစ်ချက်မခတ်...အေးအေးဆေးဆေးပင်။