"30"

659 55 15
                                    

Unicode❣️

ချန်ဖေးယွီအစည်းအဝေးပြီးလို့အလုပ်လုပ်နေတုန်းအပြင်ဖက်မှတံခါးခေါက်လာသော
ကြောင့်

"ဝင်ခဲ့.."ဟုပြောလိုက်သည်။

"Boss ဧည့်သည်ရောက်နေပါတယ်"

"ဧည့်သည်??"

အတွင်းရေးမှူး၏နောက်မှဝင်လာသောသူကိုကြည့်ပြီးချန်ဖေးယွီမျက်လုံးအစုံတို့အံ့သြမှုကြောင့်ပြူးကျယ်သွားသည်။

"မောင်...မတွေ့ရတာကြာပြီနော်"

"မ!!!"

ရုတ်တရက်ရောက်လာသော မ ကြောင့်ကျွန်တော်အံ့သြသွားသည်။

မ ကကျွန်တော့်အနားကိုလျှောက်လာပြီးကျွန်တော့်ကိုဖက်လိုက်သောကြောင့်ကျွန်တော်လည်းမ ကိုပြန်ဖက်လိုက်သည်။

ဘာပဲဖြစ်ဖြစ်..ဒီကိုပြန်လာကတည်းကမတွေ့ရတာဆိုတော့..မ ကိုသတိရနေခဲ့တာ။

ခဏကြာတော့မ ကကျွန်တော့်ကိုဖက်ထားတာလွှတ်လိုက်ပြီး..ရုံးခန်းထဲကဆိုဖာမှာသွားထိုင်လေသည်။ကျွန်တော်လည်းမ ရှေ့ကခုံမှာဝင်ထိုင်လိုက်ပြီး အတွင်းရေးမှူးကောင်လေးကိုထွက်သွားရန်ပြောလိုက်သည်။

"မောင်တို့များနော်..နေနိုင်လိုက်တာ..မ ဆီဖုန်းလေးတစ်ချက်တောင်မဆက်ဘူး"

"မ!!"

ကျွန်တော်အသံအနည်းငယ်ကျယ်သွားသောကြောင့်မ က

"ဟုတ်ပါပြီ..မခေါ်တော့ပါဘူး တကယ်တည်းနော် ဖေးယွီက မ ကိုခုထိမျက်နှာသာမပေးဘူး"

ဟုတ်ပါသည်...မ ကကျွန်တော့်ကိုမောင်လို့ခေါ်လျှင်ကျွန်တော်လုံးဝမကြိုက်..ထိုသို့မခေါ်ရန်အမြဲပြောသော်လည်း..မ ကတမင်ကိုခေါ်သည်။

မနဲ့ကျွန်တော်ကအမေရိကမှာကျောင်းတက်တုန်းကရင်းနှီးခဲ့တာဖြစ်သည်။လန်လုပ်ငန်းစု၏တစ်ဦးတည်းသောသမီးဖြစ်သည့်လန်
စုရီခေါ် မ ဟာကျွန်တော့်အတွက်တော့အစ်မရင်းတစ်ယောက်လိုပင်။

ဟိုကိုစရောက်သွားတုန်းကတစ်ယောက်
တည်းယောင်လည်လည်ဖြစ်နေသည့်ကျွန်တော့်ကိုအစအဆုံးကူညီပေးခဲ့ပြီး..ကျောင်းပြီးသွားတော့လည်းလုပ်ငန်းစလုပ်ဖို့ဘေးကနေအကူအညီတွေအများကြီးပေးခဲ့လေသည်။

💛If We Meet Again...💛{Completed}Where stories live. Discover now