[16]<Uni>

9.8K 643 43
                                        

UNICODE💫

ဦးရဲ့အဖြည့်ခံ~~~[16]
••••••••••••••

"မောင်..."

ရှောင်းကျန့်ရုံးခန်းထဲမှာဖိုင်တချို့နဲ့အလုပ်ရှုပ်နေတုန်းတံခါးမခေါက်အသိမပေးပါပဲအနားရောက်လာသည့်ဝမ်ချင်။

"ဝမ်ချင်မောင့်စီဘယ်လိုရောက်လာတာလဲ...ခါတိုင်းဆိုဒီချိန်ဝမ်ချင်ဆေးရုံမှာdutyဆင်းနေရပြီမဟုတ်လား..."

"ဟုတ်တော့ဟုတ်ပေမဲ့ခုကဝမ်ချင့်မိဘတွေနာရေးကြောင့်ဆေးရုံကနားရက်ပေးထားတယ်လေ...မောင့်ကိုလည်းသတိရလို့ဝမ်ချင်မောင့်ကုမ္ပဏီပဲလိုက်လာလိုက်တာ...ဘာလဲဝမ်ချင်လိုက်လာတာမောင့်တွက်အနှောက်ယှက်ဖြစ်လို့လား..."

"အာ...မောင်ကအဲ့သဘောပြောတာမဟုတ်ဘူး...ခါတိုင်းအမြဲအလုပ်ပိနေတတ်တဲ့သူကမောင့်စီတကုတကလာတယ်ဆိုတော့နည်းနည်းထူးဆန်းနေလို့..."

"အဟင်း...နေ့လည်ရောက်ပြီဆိုတော့ဟိုတခါဝမ်ချင်တို့Dateဖို့ချိန်းထားတာလေ အဲ့ဆိုင်လေးကိုသွားကြမလားမောင်..."

"အင်း...ဒီလိုဆိုမောင်အလုပ်နည်းနည်းကျန်နေသေးလို့ဝမ်ချင်ခဏထိုင်စောင့်ပေးလို့ရမလား..."

"အင်း...ရပါတယ် ခုချိန်ဝမ်ချင်ကအားနေတဲ့သူပဲဟာ...အဟင်း..."

ရှောင်းကျန့်မလှမ်းမကမ်းကsofaမှာထိုင်နေတဲ့ဝမ်ချင့်ကိုတချက်လှမ်းကြည့်ကာလုပ်လက်စစာရင်းတွေအပြီးသတ်လိုက်တယ်။အကုန်ပြီးတော့ထိုင်ခုံပေါ်ကကုဒ်အက်ျီကိုကောက်ဝတ်လိုက်ကာလက်ကနာရီကိုကြည့်မိတော့(12:21PM)။ဒီအချိန်လောက်ဆိုBaeအတန်းနားချိန်မို့သူတို့နဲ့အတူခေါ်သွားရင်ကောင်းမလားတွေးလိုက်မိတယ်။

"မောင့်ပြီးပြီမလားသွားမယ်လေ..."

"အင်းခဏလေးဝမ်ချင်...မောင့်ဖုန်းကျန်သေးတယ်..."

ရှောင်းကျန့်တမင်အကြောင်းရှာကာလက်မောင်းတစ်ဖက်ကိုချိတ်တွယ်လာသည့်ဝမ်ချင့်လက်ကိုဖယ်ထုတ်လိုက်တယ်။အလိုမကျသလိုမျက်မှောင်ကျုံ့ုကြည့်နေသည့်ဝမ်ချင်ကိုဟန်မပျက်ပြုံးပြလိုက်ကာရုံးခန်းပြင်ထွက်လာလိုက်တယ်။

ဦးရဲ့အဖြည့်ခံ~~~[Complete]Where stories live. Discover now