[2]<Uni>

19.2K 882 19
                                        

UNICODE💫

ဦးရဲ့အဖြည့်ခံ~~~[2]
•••••••••••••••••••••

ဒုန်း!💢ဒုန်း!💢ဒုန်း!💢

"မောင့်!!!...ခုချက်ချင်းဝမ်ချင့်ကိုတံခါးလာဖွင့်ပေး...မောင့်..."

ဒုန်း!💢ဒုန်း!💢

ရှောင်းကျန့် အိမ်ရှေ့ကတံခါးကိုထုရိုက်ကာအော်ခေါ်နေသံကြောင့်အိပ်ရာပေါ်ကလူးလွန့်လာခဲ့တယ်။မျက်လုံးဖွင့်ဖွင့်ချင်းတွေ့လိုက်ရတာကကုတင်စွန်းမှာကွေးကွေးလေးအိပ်ပျော်နေသည့်သူ့ရဲ့ပျော်တော်ဆက်လေး။မြင်နေရတဲ့ကျောပြင်ဖြူဖြူလေးကနို့နှစ်ရောင်ပင်သမ်းနေကာဖွာလန်ကျဲနေသည့်ရွှေရောင်ဆံနွယ်လေးတွေကလည်ဂုတ်လေးပေါ်ကပိုကရို။အောက်ပိုင်းကတော့စောင်ပါးလေးခြုံထားတာမို့ရှောင်းကျန့်ကောင်လေးခါးသိမ်သိမ်လေးထိသာမြင်နိုင်တာကိုပင်မကျေမနပ်ဖြစ်နေသယောင်။သို့ပေမဲ့ယခုမူသူ့အာရုံထဲဝင်လာသည်ကထိုနှစ်လိုဖွယ်အလှတရားတို့ထက်အိမ်ရှေ့ကချစ်ရသူ၏အသံခပ်စူးစူး။ရှောင်းကျန့်အိပ်ရာကထကာတကိုယ်လုံးဗလာကျင်းနေသည်မို့သဘက်တထည်ယူပြီးအောက်ပိုင်းကိုဆွဲပတ်လိုက်တယ်။ကုတင်ပေါ်ကကောင်လေးကိုတချက်စောင်းငဲ့ကြည့်ကာအဲ့အတိုင်းပဲအိမ်ရှေ့ထွက်လာလိုက်တယ်။ခုချိန်ထိတဒုန်းဒုန်းမြည်နေတဲ့အိမ်တံခါးကိုဖွင့်ပေးလိုက်တော့အံ့သြတဲ့မျက်လုံးတွေနဲ့သူ့ကိုကြည့်လာသည့်ချစ်ရတဲ့ဝမ်ချင်။

" မောင်...ဒါဘယ်လိုပုံစံဖြစ်နေတာလဲ...ဟမ်!...ဝမ်ချင်မေးနေတယ်လေ..."

"အဟက်...ဝမ်ချင်မြင်တဲ့အတိုင်းပဲလေ မောင်ရှင်းပြစရာလိုသေးလို့လား...ဒါနဲ့ဒီလောက်အလုပ်များတဲ့မောင့်ချစ်သူdoctorမလေးကမနက်စောစောစီးစီမောင့်စီလာတယ်ဆိုတော့...မောင်အိမ်မက်များမက်နေတာလား..."

ရှောင်းကျန့် တံခါးဘောင်ကိုလက်တစ်ဖက်ထောင့်ရင်းပြောတော့ဝမ်ချင်ကစိတ်ပျက်ဟန်စုတ်တချက်သပ်တယ်။

"ကျစ်...မောင်ဝမ်ချင့်ကိုမခနဲ့နဲ့...ပြီးတော့စကားလမ်းကြောင်းလွှဲမယ်မကြံနဲ့...မောင်တကယ်ပဲတခြားမိန်းမတစ်ယောက်နဲ့ဖြစ်ပြီးပြီလား...ဟင်မောင်..."

ဦးရဲ့အဖြည့်ခံ~~~[Complete]Where stories live. Discover now