[24]<Uni>

9.3K 612 72
                                        

UNICODE💫

ဦးရဲ့အဖြည့်ခံ~~~[24]
••••••••••••••

"ယွီပင်း...ဒါဆိုစိတ်ချမယ်နော်..."

"ဟုတ်ကဲ့Boss...ဒါနဲ့Bossဒီနေ့အလုပ်ဆင်းတာစောတယ်နော်..."

"အင်း...ဒီ့နေ့ငါအိမ်စောစောပြန်ဖို့လိုတယ်..."

ရှောင်းကျန့်ယွီပင်းကိုနှုတ်ဆက်ပြီးကားပါကင်စီလျှောက်လာလိုက်တယ်။ဒီနေ့Baeစီကအဖြေရမှာမို့ရှောင်းကျန့်တက်ကြွနေခြင်း။ပြီးရင်Baeအကိုလို့သိထားတဲ့ဟိုတနေ့ကလူကိုလည်းသွားတောင်းပန်ချင်သေးသည်။Baeလည်းသူ့စီရောက်တာကြာပြီဆိုတော့မိသားစုကိုလွမ်းနေရှာမှာပဲလေ။

"မောင်..."

ကားထဲဝင်ဖို့ပြင်ရုန်ရှိသေးနောက်ပါးကရင်းနှီးနေသည့်ခေါ်သံကြောင့်ရှောင်းကျန့်လှည့်ကြည့်လိုက်မိတယ်။

"ဝမ်ချင်..."

"မောင်...ဝမ်ချင်နဲ့စကားခဏလောက်ပြောရအောင်နော်..."

ခုချိန်ထိdutyကုဒ်နဲ့ဝမ်ချင်ကအလုပ်တွေပိကာအတော်ပင်ပမ်းနေပုံပဲ။ဖျော့တော့နေသည့်ဝမ်ချင်ကိုကြည့်ပြီးရှောင်းကျန့်သနားစိတ်ဝင်မိတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဝမ်ချင်ကရှောင်းကျန့်ရဲ့သူငယ်ချင်းတဖြစ်လည်းအချစ်ဦးဖြစ်ခဲ့သည်မဟုတ်လား။

"ကောင်းပြီလေ...ဒါဆိုငါတို့ဆိုင်တဆိုင်သွားရအောင်...မင်းကြည့်ရတာအရမ်းအလုပ်များနေပုံပဲ..."

"အဟွန်း...ဝမ်ချင်အလုပ်မများတဲ့အချိန်မှမရှိတာမောင်ရယ်..."

"ငါသိပါတယ်...မင်းလိုအချိန်ပြည့်အလုပ်နဲ့နပန်းလုံးနေရတဲ့သူအတွက်အချိန်ဆိုတာရ​ွှေထက်ရှားတယ်မို့လား...ဆိုတော့ သွားကြမယ်လေ..."

"အင်း...မောင်နဲ့ဝမ်ချင်ချစ်သူစဖြစ်တဲ့ကော်ဖီဆိုင်လေးကိုသွားရအောင်..."

ရှောင်းကျန့်ဝမ်ချင်အပြောကိုခေါင်းအသာငြိမ့်ပြလိုက်တယ်။တချိန်ကသူ့ကသာအလေးထားခဲ့တဲ့အရာတွေကိုခုချိန်ဝမ်ချင်ကသတိတရရှိနေတာဆိုတော့နည်းနည်းတော့ရယ်စရာကောင်းနေမလားပဲ။ဒီလိုပါပဲ လူဆိုတာရတာမလိုလိုတာမရတဲ့လူမျိုးတွေ။ကိုယ့်အပိုင်ကိုလက်ဝယ်ပိုင်ဆိုင်ထားတုန်းကတော့အရေးစိုက်ဖို့မေ့နေတတ်ပြီးတပါးသူယုယနေတာမြင်ရင်နှမျောတသသဖြစ်နေတတ်ကြတာမျိုး။

ဦးရဲ့အဖြည့်ခံ~~~[Complete]Where stories live. Discover now