[23]<Uni>

9.8K 795 100
                                        

UNICODE💫

ဦးရဲ့အဖြည့်ခံ~~~[23]
•••••••••••••

"အင့်!..."

အင့်ခနဲရှိုက်သံလေးနဲ့အတူရှောင်းကျန့်ကျောပြင်ကိုကုတ်ခြစ်နေသည့်လက်ကလေးနှစ်ဖက်ကပြေလျော့ကျသွားတယ်။sofaကိုတွန်းကန်နေသည့်ခြေထောက်လေးနှစ်ဖက်ကငြိမ်ကျသွားပြီးငိုသံထပ်ထွက်မလာတော့တာကြောင့်ရှောင်းကျန့်Baeလည်တိုင်ကိုငုပ်နမ်းနေရာမှခေါင်းထောင်ကြည့်လိုက်မိတယ်။

"Bae!!!..."

လက်ထဲကခန္ဓာယဲ့ယဲ့လေးကပကတိငြိမ်သက်နေတာကြောင့်ရှောင်းကျန့်ရဲ့ဒေါသစိတ်ကစိုးရိမ်ပူပန်ခြင်းကိုကူးပြောင်းသွားရတယ်။မျက်နှာဥဥလေးပေါ်ကပိုကရိုအုပ်ကျနေသည့်ဆံနွယ်တွေကိုဖယ်ရှားရင်းပါးပြင်လေးကိုအုပ်ကိုင်ကာလှုပ်နှိုးမိတော့ကလေးငယ်ကတုပ်တုပ်မျှမလှုပ်။

"Bae!!!...ကိုယ်ခေါ်နေတယ်လေ...Bae!!!...ဟာကွာ..."

သူထပ်လုပ်မိပြန်ပြီ။Baeကိုထိခိုက်အောင်ထပ်လုပ်မိပြန်ပြီ။ကြမ်းခင်းပေါ်ကBaeကိုယ်လေးကိုထူကာကိုယ်ပေါ်ကကုဒ်အက်ျီချွတ်ပြီးအုပ်ထားပေးလိုက်တယ်။Baeတကိုယ်လုံးကိုထွေးပွေ့ထားမိတော့လည်တိုင်ကိုရိုက်ခတ်လာသည့်Baeအသက်ရှူသံနွေးနွေးကမျှင်မျှင်လေးရယ်။ဟိုဒီခါရမ်းနေသည့်ခေါင်းလုံးလေးကိုထိန်းကိုင်ကာပုခုံးထက်မှီနွဲ့ထားစေလိုက်တယ်။

"Bae!!!...ကိုယ်တောင်းပန်ပါတယ် ဘာမှမဖြစ်လိုက်ပါနဲ့..."

ယောက်ျားရင့်မာကြီးဖြစ်ပေမဲ့ဒီတခါတော့ကလေးငယ်ကြောင့်ရှောင်းကျန့်မျက်ရည်တွေကျလာရတယ်။အဝတ်မဲ့နေသည့်Baeကိုယ်လေးကရှောင်းကျန့်ကုဒ်အက်ျီကြီးရဲ့လွှမ်းခြုံမှုအောက်မှာမလုံ့တလုံ။ရှောင်းကျန့်ကလေးငယ်ကိုထွေးပွေ့ထားရင်းပဲဘောင်းဘီအိပ်ကပ်ထဲကhand phoneကိုအမြန်ထုတ်ယူလိုက်တယ်။

📲📲📲📲📲
[ဟယ်လို...Mr.Xiao ဘာများဖြစ်...]

"ဒေါက် ဒေါက်တာ...ကျွန်တော့်အိမ်ကိုခုချက်ချင်းလာပေးပါ...ခုပဲလာခဲ့ပေးပါနော်..."

ရင်ခွင်ထဲကကလေးငယ်ကိုငုပ်ကြည့်ရင်းရှောင်းကျန့်ရဲ့စိုးရိမ်စိတ်ကပိုလို့မြင့်တက်လာရတယ်။ဒေါက်တာစစ်ကျွေးကတော့သူ့ကိုဘယ်လိုတောင်အပြစ်တင်ဦးမလဲဲမသိ။ဒီအချိန်သူမစဥ်းစားနိုင်တော့။ကလေးရယ် ကိုယ့်အမှားပါ။

ဦးရဲ့အဖြည့်ခံ~~~[Complete]Место, где живут истории. Откройте их для себя