[12]<Uni>

10.7K 658 92
                                        

UNICODE💫

ဦးရဲ့အဖြည့်ခံ~~~[12]
••••••••••••••

"ရန်လီ...မင်းဘာလုပ်တာလဲငါလမ်းလျှောက်နေတယ်လေ..."

ဇီရွှမ်မှာသူဌေးအမိန့်နဲ့ရန်လီshoppingထွက်တာကိုသက်တော်စောင့်အနေနဲ့လိုက်လာပေးရခြင်း။ခုလည်းအထုတ်တွေဆွဲကာကားပါကင်ကိုလျှောက်လာတုန်းနောက်ကနေရပ်ကာမျက်စိကိုလက်နှစ်ဖက်နဲ့လာကာနေသည့်ရန်လီကြောင့်အံကြိတ်ကာပြောလိုက်တယ်။

"အင်းပါ...ကိုကိုခဏပါပဲ...ခဏလေးပဲ..."

"ဟာ...မင်းကတော့တော်တော်ရှုပ်တာပဲဖယ်စမ်း...ဘာလို့လာကာထားတာလဲမတော်လို့ချော်လဲရင်မင်းတာဝန်ယူနိုင်လို့လား..."

ဇီရွှမ် ရန်လီကိုဆူငေါက်ရင်းရန်လီ့လက်ကိုပုတ်ထုတ်လိုက်တော့ဟိုကဆူပုတ်ပုတ်ဖြင့်။

"တာဝန်ယူနိုင်ပါတယ်ကိုကိုရဲ့...ရန်လီကကိုကို့ကိုမတော်တာတွေမြင်မှာဆိုးလို့စေတနာနဲ့ဟာကို...ဟွန့်..."

"ဟမ်...မတော်တာတွေ...အာ..."

ဇီရွှမ် ရန်လီ့စကားကြောင့်ဘေးဘီကိုဝေ့ကြည့်လိုက်တော့သူတို့ကားရပ်ထားတဲ့နေရာနဲ့သုံးစီးအကွာလောက်မှာရပ်ထားတဲ့အိမ်စီးကားအနက်ကြီးထဲမှာစပွန်ဆာဘဲကြီးနဲ့ဝမ်လေးအရွယ်လောက်ရှိတဲ့ကောင်လေးတစ်ယောက်။မျက်နှာတွေမမြင်ရပေမဲ့ဖြစ်ချင်တိုင်းဖြစ်နေသည်ကိုကားမှန်မတင်ထားတဲ့အတွက်အထင်းသားမြင်နေရတယ်။သူတို့ကြည့်နေတုန်းမှာပဲကောင်လေးကဟန့်တားလိုက်ပုံပဲဘဲကြီးကကောင်လေးအက်ျီတွေသေချာပြန်ပြင်ပေးပြီးကားမှန်တင်ကာမောင်းထွက်သွားတော့တယ်။*ဒီခတ်ကလေးတွေမလွယ်ပါလားနော်။ပိုက်ဆံလိုချင်တာနဲ့ပဲခန္ဓာပဲရင်းရရင်းရအကုန်ပုံအောတော့တာပဲ။အဲ့ကောင်လေးနေရာမှာဝမ်လေးသာဆိုအဲ့ဘဲကြီးကိုမသေရုန်တမယ်ထိုးနှက်လိုက်မိမှာအမှန်ပဲ။*

"ကိုကို့...ဘာတွေတွေးပြီးသက်ပြင်းချနေတာလဲ...သက်ပြင်းတစ်ခါချရင်အသက်တစ်နှစ်တိုတယ်နော်..."

ဇီရွှမ်ကိုယ့်အတွေးနဲ့ကိုယ်သက်ပြင်းချရင်းခေါင်းရမ်းလိုက်မိတော့နဘေးကသူဌေးသမီးလေးကသတိပေးသလိုနဲ့ဆရာမကြီးလုပ်လေပြီ။

ဦးရဲ့အဖြည့်ခံ~~~[Complete]Where stories live. Discover now