[20]<Zg>

4.8K 241 16
                                        

ZAWGYI💫

ဦးရဲ့အဖြည့်ခံ~~~[20]
••••••••••••••

"မောင်ဒီလိုဖြစ်ရတာနင့်ကြောင့်...နင်ဂျီမတိုက်ရင်မောင်လည်းထိခိုက်စရာမလိုဘူး...ခုတော့နင်နားပူနားဆာလုပ်လို့မောင်ခုလိုဖြစ်ရပြီ ကျေနပ်လား...ဟမ်!!!..."

"ဟအင်း...အီး...ဟီး...ဟီး...အင့်..."

ဝမ်ချင်ဘယ်လောက်ပင်ဆူငေါက်နေပေမဲ့ဖြေရှင်းချက်မပေးပဲငိုချည်းပဲငိုနေသည့်ကောင်လေးကိုသူ မသနားမိ။ဆေးရုံကိုaccidentကြောင့်မောင်ရောက်လာတယ်လို့merryဖုန်းလှမ်းဆက်တော့သူ့မှာမောင့်ကိုစိုးရိမ်တာထက်ဒီကောင်လေးအပေါ်ဒေါသပိုထွက်မိတယ်။ဒီကောင်လေးကြောင့်သာမဟုတ်ရင်မောင်လည်းလမ်းဖြတ်ကူးစရာအကြောင်းမရှိဘူး။

ရိပေါ်ရှေ့ကဒေါသတကြီးဆူပူနေသည့်ကျဲဝမ်ချင်ကိုလည်းဘာမှပြန်မပြောမိ။ခေါင်းမှာပတ်တီးအဖွေးသားနဲ့ဆေးရုံကုတင်ထက်လှဲလျှောင်းနေသည့်ဦးကိုသာကြည့်ရင်းငိုရိုနေမိတယ်။

"အင့်...အဟင့်..."

"ကျစ်...ဒီမှာ မင်းစကားမပြောတတ်လို့မောင်ကမင်းကိုသနားပေမဲ့ မင်းကိုသံယောဇဉ်ရှိလွန်းလို့စောင့်ရှောက်ထားတယ်မထင်နဲ့...မင်းလည်းခြေတွေလက်တွေအစုံရှိနေတာပဲ...ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့အရွယ်ရောက်နေပြီပဲဟာ...မောင့်ကိုပဲ​တောင့်တဲ့လိုတွယ်ကပ်မနေနဲ့...နောက်တခါမင်းကြောင့်မောင်ထိခိုက်ရင်ငါ့အဆိုးမဆိုနဲ့...ပြီးတော့ကိုယ့်နေရာကိုယ်သိ မင်းကိုမောင်ကသနားလို့အချိန်တခုထိပဲအနားခေါ်ထားပေးမှာ အခွင့်ကောင်းသိပ်ယူမနေနဲ့...ကိုယ့်အဆင့်ကိုယ်သိသင့်တယ်ကောင်လေး..."

ဝမ်ချင်မှာမောင့်ကိုထိခိုက်လို့ဒေါသထွက်တာထက်မောင့်ရဲ့ဂရုစိုက်မှုတွေကိုလုယူနေသည့်ထိုကောင်လေးကိုမနာလိုတာကြောင့်မဆိုင်ပေမဲ့စိတ်ထဲရှိရာတွေအကုန်ပြောပစ်ပလိုက်တယ်။မောင့်အနားကလွင့်ထွက်သွားစေချင်တာကြောင့်ရင့်ရင့်သီးသီးစကားလုံးတွေကိုထပ်ကွန့်ကာပြောမိတော့ကုတင်ပေါ်ကမောင့်ကိုသာမျက်နှာငယ်လေးနဲ့ကြည့်နေသည့်ကောင်လေး။တုန်ယင်နေသည့်လက်ကလေးနှစ်ဖက်ကိုစုပ်ကိုင်လို့တအီအီငိုနေပေမဲ့ဝမ်ချင်ထိုကောင်လေးကိုဘယ်လိုမှဂရုဏာမျက်ဝန်းဖြင့်ကြည့်မရတော့။မောင့်အချစ်တွေကိုသူ့စီကလုယူသွားသည်လို့ယူဆထားတာကြောင့်ဒီကောင်လေးကသူ့ရန်သူပဲ။

ဦးရဲ့အဖြည့်ခံ~~~[Complete]Donde viven las historias. Descúbrelo ahora