[8]<Uni>

11.8K 674 89
                                        

UNICODE💫

ဦးရဲ့အဖြည့်ခံ~~~[8]
•••••••••••••

"မောင်...ဝမ်ချင်လေ..."

"ဆေးရုံရောက်ပြီဆိုတော့...ဝမ်ချင်...မင်းဆင်းနိုင်ပြီ..."

ရှောင်းအိမ်တော်ကနေဆေးရုံရောက်သည်အထိတိတ်တဆိတ်လိုက်လာတဲ့ဝမ်ချင်ကဆေးရုံရှေ့ရောက်တော့စကားစလာတာမို့ရှောင်းကျန့်ဝမ်ချင်ကိုမကြည့်ပဲကားရပ်ပေးရင်းပြောလိုက်တယ်။ရှောင်းကျန့်ရဲ့သူစိမ်းဆန်တဲ့စကားကိုလှစ်လှူရှုကာလက်မောင်းတစ်ဖက်ချိတ်တွယ်လာသည့်ဝမ်ချင်ကြောင့်မျက်မှောင်ကျုံ့ကာလှည့်ကြည့်လိုက်တော့ပါးပြင်တစ်ဖက်နွေးခနဲနေအောင်အနမ်းခံလိုက်ရတယ်။အရင်လိုဆိုရှောင်းကျန့်ပျော်မိမှာမှန်ပေမဲ့ဒီအခြေနေမှာတော့ခံစားချက်ကဗလာနက္ထိဖြစ်နေခဲ့တယ်။ဘာကြောင့်လဲ၊ဝမ်ချင့်ကိုသူခွင့်မလွှတ်နိုင်သေးလို့လား။

"ဝမ်ချင်တောင်းပန်ပါတယ်မောင်ရယ်...မောင်ဝမ်ချင့်ကိုစိတ်ဆိုးနေရင်တောင်အခြားတစ်ယောက်နဲ့တော့မဖြစ်လိုက်ပါနဲ့နော်...မောင်ဝမ်ချင့်ကိုခွင့်လွှတ်တဲ့အထိဝမ်ချင်မောင့်ဆန္ဒအတိုင်းဖြည့်ဆည်းပေးပါ့မယ်...နော်မောင်..."

"အင်း...ဒီကိစ္စတွက်မောင့်ကိုအချိန်ပေးပါဝမ်ချင်...ခုချိန်ထိမောင့်စိတ်တွေရှုပ်ထွေးနေတုန်းပဲ...အဲ့နေ့ကမောင်အရမ်းစိတ်ထိခိုက်ခဲ့ရတာ...ခုချိန်မှာဝမ်ချင့်ကိုခွင့်လွှတ်တယ်ခွင့်မလွှတ်သေးဘူးဆိုတာထက်မောင့်ကိုယ်​မောင်နားလည်ဖို့ကြိုးစားယူရဦးမယ်..."

"မောင့်ကိုဝမ်ချင်နားလည်ပါတယ်...ဝမ်ချင့်ကိုခွင့်မလွှတ်နိုင်သေးဘူးဆိုတောင်အရင်ချိန်တွေကိုပြန်ရဖို့အတွက်ဝမ်ချင့်ကိုအခွင့်ရေးပေးပါနော်....ဒါဆို...ဝမ်ချင်ဆေးရုံထဲဝင်တော့မယ်နော်မောင်...ကားကိုဂရုစိုက်မောင်းနော်...အာ...မောင်ညနေဝမ်ချင့်ကိုဝင်ကြိုပေးလို့ရလားဟင်..."

"မရလောက်ဘူးဝမ်ချင်...မောင်ညနေအမေရိကကလုပ်ငန်းရှင်တွေနဲ့ချိန်းထားတာလေးရှိလို့..."

ဒီတစ်ခါတော့ရှောင်းကျန့်စိတ်စေရာကအရင်ချိန်တွေနဲ့ခြားနားသွားခဲ့ပြီမို့ကိုယ့်ကိုယ်ကိုတောင်အံ့သြသွားမိတယ်။ဝမ်ချင်ဆန္ဒဆိုတကြိမ်တခါမှငြင်းဆန်ခြင်းမရှိခဲ့သည့်ရှောင်းကျန့်စီကအငြင်းစကားကြောင့်ဝမ်ချင်အလိုမကျသလိုမျက်မှောင်ကျုံ့လိုက်ပြီးမှအပြုံးချိုချိုလေးပြန်လည်ဆင်မြန်းရင်း။

ဦးရဲ့အဖြည့်ခံ~~~[Complete]Where stories live. Discover now