UNICODE💫
                              ဦးရဲ့အဖြည့်ခံ~~~[15]
••••••••••••••
                              ရိပေါ်မှာရှေ့ကပြောင်ချော်ချော်နဲ့လာမိတ်ဆက်နေသည့်လူနှစ်ယောက်စီကဘယ်လိုရှောင်ထွက်ရမှန်းမသိ။ဟိုတနေ့ကလည်းဒီလူနှစ်ယောက်ကြောင့်ပဲဦးစီမှာရိပေါ်အဆူခံထိပြီးပြီ။နှစ်ယောက်လုံးကတမျိုးစီကြည့်ကောင်းကြပေမဲ့ရိပေါ်အမြင်မှာတော့တစ်ယောက်မှဦးလောက်ခန့်ညားသည်ဟုမထင်မိ။
                              "ဟယ်လို baby...ကိုယ့်နာမည်ကရွှယ်ယမ် babyနာမည်လေးသိလို့ရမလား..."
                              "ဟအင်း..."
                              "ဟား...ဟား...ဟား...ရွှယ်ယမ် မင်းတပ်ခေါက်လိုက်တော့ ဘေဘီကမင်းကိုno noပဲ...ဟိုင်း ဘေဘီ ကိုယ်ကရှင်းချန် ရှောင်ရှင်းချန်...ဘေဘီနဲ့သူငယ်ချင်းဖြစ်လို့ရမလား..."
                              "ဟအင်း..."
                              "ဟား...ဟား...ဟား...ရှင်းချန် မင်း မင်းကိုလည်းbabyကnoတဲ့ကြားတယ်နော်..."
                              ရိပေါ်ရွှယ်ယမ်နဲ့ရှင်းချန်ဆိုတဲ့လူနှစ်ယောက်အမေးကိုဟအင်းကြီးပဲဖြေမိတော့တစ်ယောက်တလှည့်လှောင်ရယ်နေကြသည့်ထိုလူနှစ်ယောက်။ရိပေါ်စကားနိုင်လုနေကြသည့်ထိုလူနှစ်ယောက်ကိုကျော်ကာစာသင်ခန်းစီလျှောက်သွားလိုက်တယ်။ဇွဲမလျော့သေးသည့်ကိုလူချောနှစ်ယောက်မှာရိပေါ်တဖက်တချက်စီကနေတကောက်ကောက်လိုက်ပါလာကြတယ်။
                              "ဟေ့...စောင့်ပါဦးကွ နာမည်လေးပြောပြပါလား ကိုယ်တို့ကမင်းနဲ့သူငယ်ချင်းဖြစ်ချင်ရုန်လေးပါ...ဟုတ်တယ်နော်ရှင်းချန်..."
                              ရွှယ်ယမ်မှာခေါင်းကြီးငုပ်ကာခပ်သုတ်သုတ်လျှောက်နေသည့်ကောင်လေးကိုလိုက်မိတ်ဆက်ရင်းတဖက်ကရှင်းချန်ကိုပါစစ်ကူတောင်းရတော့တယ်။ရှင်းချန်ကလည်းသူနဲ့အကြံတူရန်သူတွေမို့ကောင်လေးနားကထပ်ကျပ်မခွာကပ်လျှောက်လာရင်း
                              "ဟုတ်တယ်ကောင်လေးရ...မင်းကိုဒီကျောင်းမှာအရင်ကမတွေ့ဖူးဘူးဘာလဲအသစ်လားကိုယ်တို့ကူညီနိုင်တယ်နော်...အကူညီရလိုရငှားကိုယ်တို့နဲ့သူငယ်ချင်းလုပ်လိုက်ရင်မကောင်းဘူးလား...မင်းတွက်မနစ်နာစေရပါဘူး ကိုယ်တို့နှစ်ယောက်ကဒီကျောင်းမှာနာမည်ကြီး...ဟင်း...ဟင်း..."
                                      
                                  
                                              YOU ARE READING
ဦးရဲ့အဖြည့်ခံ~~~[Complete]
RomanceZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]
                                          ![ဦးရဲ့အဖြည့်ခံ~~~[Complete]](https://img.wattpad.com/cover/249511636-64-k694888.jpg)