[32]<Uni>

7.4K 546 123
                                        

UNICODE💫

ဦးရဲ့အဖြည့်ခံ~~~[32]
••••••••••••••

=
=
=
=
=
"Dr.ဝမ်ချင်မှာကိုယ်ဝန်ရှိနေပါတယ်...သန္ဓေသားကနုသေးတော့DNAတော့စစ်လို့မရသေးပါဘူး..."

nurseတစ်ယောက်၏အသိပေးသံအဆုံးရှောင်းကျန့်မှာယူကြုံးမရစွာနံရံကိုကျောကပ်လိုက်မိတယ်။သွားပြီ သူ့မျှော်လင့်ချက်မျှင်မျှင်လေးကလုံးဝကွယ်ပျောက်သွားရတယ်။ရှောင်းပါးကတော့ရှောင်းကျန့်ကိုစိတ်ပျက်သလိုမျက်ထောင့်နီကြီးတွေနဲ့ကြည့်လို့။

ရှောင်းမားမှာခုမှဆေးရုံခန်းထဲကထွက်လာတဲ့ဝမ်ချင်ကိုသွားတွဲကူလိုက်ပေမဲ့သိချင်ဇောကြောင့်တိုးတိုးတိတ်တိတ်မေးလိုက်မိတယ်။

"သမီးချင်လေးဘယ်လိုဖြစ်တာလဲ...အန်တီဖြင့်နားမလည်နိုင်တော့ဘူး...တကယ်ပဲသမီးနဲ့သားကျန့်..."

ရှောင်းမားအမေးကိုမျက်စိမျက်နှာပျက်ဖြစ်နေသည့်ဝမ်ချင်ကလေးလေးပင်ပင်ခေါင်းငြိမ့်ပြတာမို့ရှောင်းမားမှာဘာတခုမှနားမလည်နိုင်တော့။သားကျန့်ကိုအိပ်ဆေးပဲခပ်ခဲ့တာပါ။ဘယ်လိုလုပ်သူတို့ရဲ့လုပ်ကြံဇာတ်မှာသားကျန့်နဲ့ဝမ်ချင်ကမှားခဲ့ကြတာလဲ။မဖြစ်နိုင်ဘူးလို့ငြင်းရအောင်လည်းဝမ်ချင်မှာကတကယ်ကိုယ်ဝန်ရှိနေတာဆိုတော့ ဘာတွေဘယ်လိုဖြစ်သွားမှန်းရှောင်းမားလည်းလိုက်မမှီနိုင်တော့။

"အင့်!...*sob*..."

ဆေးရုံနံရံကိုကျောကပ်ထိုင်ရင်းခေါင်းငိုက်စိုက်ချငိုနေမိသည့်ရှောင်းကျန့်။Baeဆိုသည့်တမ်းချင်းလေးကိုနှုတ်ခမ်းလှုပ်ရုန်လေးခေါ်ရင်းတသွင်သွင်စီးကျလာသည့်မျက်ရည်ပူတွေကအတောမသတ်။

"ရှောင်းကျန့်!...မင်းဘာလုပ်မှာလဲ ခုသမီးချင်လေးမှာမင်းနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ..."

နဘေးမှာလာရပ်ရင်းဒေါသတကြီးမေးနေသည့်ရှောင်းပါးစကားတွေကရှောင်းကျန့်နှလုံးသားကိုအက်စစ်နဲ့ပက်နေသလို။တခွန်းမတုံ့ပြန်ပဲခေါင်းကိုတွင်တွင်ငုပ်ထားမိတော့ရှောင်းပါးရဲ့အသံကဆေးရုံတခန်းလုံးဟိန်းခနဲ။

"ရှောင်းကျန့်!!!...ဖြေလေ မင်းယောက်ျားမဟုတ်ဘူးလား!!!..."

"ကျွန်တော်မသိဘူး...ကျွန်တော်Baeကိုပဲချစ်တာ..."

ဦးရဲ့အဖြည့်ခံ~~~[Complete]Where stories live. Discover now