[13]<Uni>

10.2K 645 58
                                        

UNICODE💫

ဦးရဲ့အဖြည့်ခံ~~~[13]
•••••••••••••

"ဝမ်ချင်ဘယ်လိုရောက်လာတာလဲ..."

တံခါးဖွင့်ဖွင့်ချင်းအရင်အခေါက်နဲ့ခြားနားနေသည့်မောင့်ပုံစံကြောင့်ဝမ်ချင်အနည်းငယ်စိတ်အေးသွားရတယ်။​ဆေးရုံမှာdutyဆင်းနေတုန်းသူငယ်ချင်းဖြစ်သူDr.merryလာပြသည့်Mallထဲကမောင်နဲ့ကောင်လေးတစ်ယောက်ရဲ့ဓာတ်ပုံတွေကြောင့်မောင့်ကုမ္ပဏီကိုလိုက်သွားပေမဲ့မရှိတာကြောင့်အိမ်အထိလိုက်လာခဲ့ခြင်း။အရင်လိုအပေါ်ပိုင်းဗလာကျင်းနေသည့်မောင့်ပုံစံကိုမမြင်ရလို့စိတ်အေးရုန်ရှိသေးမောင့်နောက်ကခေါင်းလေးပြူကြည့်လာသည့်ဖြူဖြူသေးသေးကောင်းလေးကြောင့်မျက်မှောင်ကျုံ့လိုက်မိတယ်။မောင်ကလည်းအက်ျီစကိုခါးနားကစုပ်ကိုင်ထားသည့်ထိုကောင်လေးရဲ့လက်သေးသေးလေးတွေကိုထပ်ကိုင်ထားသေးတယ်။

"မောင့်...ဒီကောင်လေးကဘယ်သူလဲ...မောင်နဲ့ဘယ်လိုပတ်သပ်နေတာလဲ...ဝမ်ချင့်ကိုခုချက်ချင်းရှင်းပြ..."

ရှောင်းကျန့်ဝမ်ချင့်အမေးကိုမဖြေသေးဘဲBaeလက်ကိုဆွဲကာအိပ်ခန်းဘက်ပြန်လျှောက်သွားလိုက်တယ်။

"Bae...အခန်းထဲခဏဝင်နေနော်...ကိုယ်ဧည့်သည်နဲ့စကားပြောလိုက်ဦးမယ်..."

ရှောင်းကျန့်ခေါင်းလေးအသာပုတ်ကာပြောတော့လှည့်ကြည့်လှည့်ကြည့်နဲ့အိပ်ခန်းထဲဝင်သွားသည့်ကောင်ငယ်လေးကတခုခုကိုစိုးထိတ်နေသလို။ရှောင်းကျန့်အိပ်ခန်းတံခါးလေးစေ့ပိတ်ခဲ့လိုက်ပြီးအိမ်ရှေ့ပြန်ထွက်လာတော့ဧည့်ခန်းsofaမှာသုန်မှုန်စွာခြေချိတ်ထိုင်နေသည့်ဝမ်ချင်ကချက်ချင်းထလာပြီးလက်မောင်းတစ်ဖက်ကိုချိတ်တွယ်လာတယ်။

"ဝမ်ချင်...ကိုယ့်အိမ်ထိရောက်လာတယ်ဆိုတော့ဘာကိစ္စရှိလို့လည်း..."

"ဒီဓာတ်ပုံတွေထဲကကောင်လေးနဲ့ခုနကောင်လေးကတစ်ယောက်တည်းမလားမောင်...မောင်ဘာတွေလုပ်နေတာလဲဝမ်ချင်ဘာလို့မသိရတာလဲ..."

"ဝမ်ချင်မင်းငါ့နောက်ကိုနောက်ယောင်ခံလိုက်နေတာလား...ဟမ်!...အချိန်တန်ရင်မင်းနဲ့လက်ထပ်ပါ့မယ်လို့ဂတိပေးထားပြီးပြီပဲ...ဒီလောက်နဲ့မလုံလောက်ဘူးလားဝမ်ချင်...ငါ့စီကမင်းဘာတွေထပ်လိုချင်သေးတာလဲ..."

ဦးရဲ့အဖြည့်ခံ~~~[Complete]Donde viven las historias. Descúbrelo ahora