[9]<Uni>

11.8K 696 74
                                        

UNICODE💫

ဦးရဲ့အဖြည့်ခံ~~~[9]
•••••••••••••

နာရီလက်တံလေးကညနေ4:00၊ရိပေါ်ဗိုက်ကတဂွီဂွီ။ရိပေါ်အိပ်ပေါ်ထပ်လသာဆောင်မှာရပ်ရင်းဦးပြန်အလာကိုမျှော်နေမိတယ်။တဂွီဂွီအသံပြုကာဆန္ဒပြနေသည့်ဗိုက်ကလေးကြောင့်မျက်နှာလေးကတချက်တချက်ရှုံ့မဲ့သွားရတယ်။အဝတ်ပိုလည်းပါမလာတာမို့ဦးဖြဲပစ်လိုက်တဲ့ရှပ်အက်ျီလေးအစားဦးရဲ့ရှပ်လက်ရှည်ကြီးကိုသာကိုယ်ပေါ်ဆင်မြန်းထားလျှက်။ဒူးအထက်ရှည်သည့်အက်ျီကြီးကိုဆွဲဆွဲချရင်းဦးကရိပေါ်စီလိုအပ်တဲ့အချိန်မှလာမှာလားဆိုတဲ့အတွေးကြောင့်မျက်ရည်ကဝဲချင်ချင်။ညနေခင်းအိပ်တန်းတက်နေကြသည့််ကောင်းကင်ယံကကျေးငှက်အပေါင်းကိုမော့ကြည့်နေလိုက်တယ်။

ကျွီ!(ကားရပ်သံ)

အတွေးများနေသည့်ရိပေါ်ကရှောင်းကျန့်ကားခြံထဲဆိုက်ရပ်လာတာကိုပင်သတိမမှူမိပုံ။ရှောင်းကျန့်အိမ်ရှေ့မှာကားရပ်လိုက်ပြီးကားထဲကဆင်းလာတော့တစုံတဦးကိုအရင်ဆုံးရှာဖွေမိတယ်။အိမ်ကိုတချက်ဝေ့ကြည့်လိုက်တော့တွေ့ပါပြီသူ့ရဲ့အိမ်သားအသစ်လေး။လသာဆောင်မှာရပ်ရင်းကောင်းကင်ကိုမော့ကြည့်ကာဘာတွေစိတ်ဝင်စားနေလဲမသိ။ရှောင်းကျန့်လှမ်းမြင်နေရတဲ့အဖြူရောင်ယဲ့ယဲ့ခန္ဓာလေးကြောင့်ယုန်သွားတွေပေါ်သည်အထိပြုံးလိုက်မိတယ်။ကားထဲကlaptopအိပ်နဲ့အထုတ်တချို့ဆွဲကာအိမ်ထဲဝင်လာလိုက်တယ်။အိမ်ထဲဝင်ဝင်ချင်းအပေါ်ထပ်တန်းတက်သွားလိုက်ကာရှောင်းကျန့်ဦးတည်ရာကထိုလူသားလေးရှိရာအိပ်ခန်းလေးစီ။တနေကုန်အခန်းထဲကမထွက်ပဲနေနေတာတော့မဟုတ်လောက်ပါဘူးနော်။အိပ်ခန်းထဲရောက်တာနဲ့စားပွဲပေါ်အထုတ်တွေတင်ထားခဲ့ကာလသာဆောင်ကိုလျှောက်သွားလိုက်တယ်။

"Bae..."

ရုတ်တရက်ခေါ်လိုက်မိလို့ပဲလားမသိရှောင်းကျန့်ကိုကျောခိုင်းထားသည့်Baeကိုယ်လေးတုန်တက်သွားတယ်။မျက်နှာချင်းဆိုင်လှည့်ကြည့်လာတော့တစုံတရာလိမ်းခြယ်ထားခြင်းမရှိသည့်ရှင်းသန့်တဲ့မျက်နှာဖူးဖူးလေးနဲ့ကောင်လေးကရှောင်းကျန့်စိတ်ထင်လို့ပဲလားမပြောတတ်မျက်နှာပေါ်ဖြတ်​ပြေးသွားသည့်ပျော်ရွှင်မှုအရိပ်လေး။ပေါင်တဝက်လောက်သာရှိတဲ့သူ့ရှပ်အက်ျီကြီးနဲ့ခြေထောက်လေးနှစ်ဖက်ပူးကပ်ရပ်နေသည့်Baeကချမ်းနေပုံပဲလက်ကလေးပိုက်လို့။သုတ်ခနဲဖြတ်တိုက်သွားသည့်ညနေလေအေးကြောင့်ရွှေရောင်ဆံနွယ်တွေယိမ်းနွဲ့သွားခြင်းနဲ့အတူမဆိုသလောက်လေးလန်တက်သွားသည့်အက်ျီအနားစလေးကိုပြန်ဆွဲချရင်းဖုံးဖိနေသည့်Bae။အနားကိုလျှောက်သွားလိုက်ကာအနည်းငယ်ပွရောင်းနေသည့်ဆံနွယ်တွေကိုသပ်ပေးရင်းနားရွက်နောက်လျှိုသွင်းပေးလိုက်တော့မျက်လုံးလေးလှန်ကြည့်လာတယ်။

ဦးရဲ့အဖြည့်ခံ~~~[Complete]Where stories live. Discover now