[38]<Uni>

10.2K 591 52
                                        

__________
Unicode
__________

ဦးရဲ့အဖြည့်ခံ~~~[38]
•••••••••••••

"ယွီပင်း...ကျန်တဲ့စာရင်းတွေငါမနက်ဖြန်မှဆက်ကြည့်ပေးတော့မယ်...ငါစောစောပြန်မှ​ဖြစ်မှာမို့..."

Baeစီသွားရမှာမို့ရှောင်းကျန့်အလုပ်တွေကိုနေ့တဝက်လောက်နဲ့ဖြတ်ဖို့စိတ်ကူးလိုက်တယ်။တနေ့ကြီးများတောင်Baeကိုငိုခွင့်ပေးထားပြီးပြီဆိုတော့လုံလောက်ပြီထင်ရဲ့။

"Boss...သိပြီးပြီလား..."

"ဘာလဲ ယွီပင်း...ပြောစရာရှိလို့လား ပြောလေ..."

တခုခုပြောချင်လို့ချိတုံချတဖြစ်နေသည့်ယွီပင်းကိုရှောင်းကျန့်အပေါ်ထပ်long coatထပ်ဝတ်ရင်းစကားလမ်းကြောင်းဖွင့်ပေးလိုက်တယ်။

"ဟို...ဒေါက်တာဝမ်ချင်Bossနဲ့မဂ်လာပွဲပျက်တဲ့နေ့ကပဲaccidentဖြစ်လို့တဲ့..."

"ဘယ်လို!!!...ဝမ်ချင်accidentဖြစ်လို့..."

ယွီပင်းစကားကြောင့်ရှောင်းကျန့်မှာအံ့သြတာရော ထိတ်လန့်တာရော ရောပြွန်လျှက်။

"ဟုတ်တယ်Boss...အများကြီးထိခိုက်တာတော့မဟုတ်ပေမဲ့ ဒေါက်တာဝမ်ချင်ရဲ့​ရင်သွေးလေးကိုတော့မကယ်လိုက်နိုင်ဘူးပြောတယ်..."

ကြားလိုက်ရတဲ့သတင်းကြောင့်ရှောင်းကျန့်ခေါင်းတဆက်ဆက်ငြိမ့်မိတယ်။ဒီတခါတော့သူဝမ်ချင့်အပေါ်သနားစိတ်ဝင်မိတယ်။ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ဝမ်ချင်ကရှောင်းကျန့်သူငယ်ချင်းဖြစ်တဲ့အပြင် တချိန်ကချစ်သူအဆင့်ထိပင်ပတ်သပ်ခဲ့ဖူးသည်လေ။

"သူအခုအဆင်ပြေရဲ့လား..."

"ဟုတ်ကဲ့Boss...ဒေါက်တာဝမ်ချင်ကသူတာဝန်ကျတဲ့ဆေးရုံမှာပဲကုသမှုခံယူနေပါတယ်..."

"အင်း...မင်းအချိန်ရရင် ဝမ်ချင့်စီစားစရာတချို့ဝယ်ပြီးသွားပို့ပေးလိုက်ယွီပင်း...ငါ့ကဒ်ယူသုံးလိုက်..."

"ဟုတ်ကဲ့Boss...ကျွန်တော်ဒေါက်တာစစ်ကျွေးစီသွားရင်းဝင်ပို့ပေးလိုက်ပါ့မယ်..."

တွယ်တာစရာမရှိတော့သည့်ဝမ်ချင်ကိုရှောင်းကျန့်ဂရုဏာသပ်မိတာမမှား။သူတို့မိသားစုအပြင်ဆွေးမျိုးမရှိသည့်ဝမ်ချင် ခုချိန်ဘယ်လောက်တောင်အားငယ်နေလိုက်မလဲ။သွေးသားအရင်း မိသားစုသုံးယောက်စလုံးကိုဆုံးရှုံးထားရတဲ့အပြင် အခုထပ်ပြီးဝမ်ချင့်ဗိုက်ထဲကကလေးကပါ ဝမ်ချင့်ကိုအဖော်ပြုပေးဖို့မပြောနဲ့လောကကြီးထဲပင်ရောက်မလာနိုင်ရှာ။ရှောင်းကျန့်တကယ်ပဲ ဝမ်ချင့်အတွက်ရင်လေးမိပါရဲ့။မင်းခိုလုံစရာရင်ခွင်ငယ်ရှာတွေ့ပါစေဝမ်ချင်။

ဦးရဲ့အဖြည့်ခံ~~~[Complete]Donde viven las historias. Descúbrelo ahora