UNICODE💫
ဦးရဲ့အဖြည့်ခံ~~~[31]
••••••••••••••
"Bae...ကိုယ်အမြန်ပြန်လာခဲ့မယ်နော်...မိုးမချုပ်စေရဘူး..."
"အွန်း..."
ယုန်ရုပ်အကြီးကြီးပိုက်ရင်းခေါင်းလေးငြိမ့်ပြသည့်ကလေးငယ်။ဝါနုနုဆံနွယ်လေးတွေကိုနားရွက်နောက်လျှိုသွင်းပေးရင်းနှဖူးလေးကိုဖိနမ်းလိုက်တယ်။
"ဘာစားချင်လဲBae...ကိုယ်အပြန်ဝယ်ခဲ့မယ်..."
"ဟအင်း...ဦးပဲကျွန်တော့်စီပြန်လာပေး..."
ရှောင်းကျန့်long coatစကိုဆွဲရင်းတောင်းဆိုလာသည့်ကောင်လေးကအပြောလေးတွေနဲ့ခြွေတတ်ရန်ကော။
"ဟုတ်ပြီဗျာ...လိမ်လိမ်မာမာနေခဲ့နော်...ဗိုက်ဆာရင်ရေလဲသေတ္တာထဲကိုယ်sandwishတွေထည့်ထားပေးတယ်...ဒါဆိုကိုယ်သွားမယ်နော်Bae..."
"ဟုတ်ဦး..."
ခေါင်းလုံးလေးကိုတချက်လှမ်းဖွကာရှောင်းကျန့်ကားလေးမောင်းထွက်လာလိုက်တော့တယ်။နောက်ပါးကျန်ခဲ့သည့်အရိပ်လေးကိုကားနောက်ကြည့်မှန်ကကြည့်ရင်းမခွဲနိုင်မခွာရက်။
Baeကိုထားပြီးမသွားချင်ပေမဲ့မလွန်ဆန်နိုင်သည့်ပါးကြောင့်ရှောင်းကျန့် မိသားစုမိတ်ဆုံစားပွဲကိုသွားရခြင်း။မိသားစုဆိုပေမဲ့ ပါးနဲ့မားအပြင်ဝမ်ချင်လည်းပါနေသေးသည်မို့Baeကိုလည်းခေါ်သွားလို့မရ။
"ခဏပဲစောင့်ပါBae...မင်းကကိုယ့်အတွက်တရားဝင်ဖြစ်စေရမယ်..."
ကြီးမားလွန်းသည့်ရှောင်းအိမ်တော်ကြီးထဲကားလေးကွေ့ဝင်လိုက်တာနဲ့မျက်စိကျိန်းလောက်အောင်ဖိတ်ဖိတ်တောက်သည့်အပြင်အဆင်များကညဘက်မို့ပိုပြီးပေါ်လွင်တောက်ပြောင်နေတယ်။
"သားကျန့်...ရောက်လာပြီလား...လာ သမီးချင်လေးတောင်ရောက်နှင့်နေပြီ...အဟင်း..."
အိမ်ထဲဝင်လိုက်တယ်ဆိုရင်ပဲလာထွက်ကြိုသည့်မားကရှောင်းကျန့်လက်မောင်းကိုဆွဲကာထမင်းစားခန်းထဲတန်းသွားတယ်။
"သားကျန့်...ဒီမှာထိုင်နော်..."
အတင်းအကြပ်ကြီးမဟုတ်ပေမဲ့ဝမ်ချင်နဘေးနေရာချပေးနေသည့်မားကြောင့်တအောင့်နေသူလည်းပြန်မှာပဲမို့ရှောင်းကျန့်ဘာမှပြောမနေတော့ပဲဝင်ထိုင်လိုက်တယ်။
CZYTASZ
ဦးရဲ့အဖြည့်ခံ~~~[Complete]
RomansZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]
![ဦးရဲ့အဖြည့်ခံ~~~[Complete]](https://img.wattpad.com/cover/249511636-64-k694888.jpg)