UNICODE💫
ဦးရဲ့အဖြည့်ခံ~~~[19]
•••••••••••••
"french friesတစ်ဗူးနဲ့strawberry juiceတစ်ဗူးပေးညီမ..."
"အာ...ဟုတ်ရပါမယ်..."
ရှောင်းကျန့်စိတ်ကူးထားတဲ့အတိုင်းရုံးပိတ်ရက်ဖြစ်တာကြောင့်Baeနဲ့အတူရုပ်ရှင်ရုံရောက်လာကြခြင်း။မနေ့ညကကြမ်းလိုက်မိလို့နေမြင့်မှနိုးသည့်ကလေးငယ်ကြောင့်ညနေပိုင်းရုပ်ရှင်လက်မှတ်သာရတော့တယ်။ဘယ်လိုပဲဖြစ်ဖြစ်ရှောင်းကျန့်အတွက်ကတော့Baeနဲ့အတူရှိနေရရင်လုံလောက်ပြီမို့အချိန်တွေနေရာတွေရွေးမနေချင်။
"အကိုရပါပြီရှင့်..."
"အာ...ကျေးဇူးပါပဲ..."
ေရှာင်းကျန့်အရောင်းကောင်တာမှာငွေရှင်းပြီးအချိုရည်ဗူးတွေနဲ့မုန့်ထုတ်တွေဆွဲကာရုပ်ရှင်ရုံအဝင်ပေါက်နားမှာရပ်စောင့်နေသည့်ကလေးငယ်စီပြန်လျှောက်သွားလိုက်တယ်။ရှပ်အဖြူလေးကိုအမြဲတမ်းဝတ်နေကျဒူးဖုံးဂျင်းပွဘောင်းဘီလေးနှင့်တွဲဖက်ဝတ်ဆင်ထားသည့်ကလေးငယ်ကအမြင်ရိုးရှင်းပေမဲ့ဖြူဥနေသည့်အသားရေ၊ဝင်းမွတ်နေသည့်ခြေတံသွယ်သွယ်လေးတွေကြောင့်မြင်သူတိုင်းအကြည့်မလွှဲနိုင်စရာ။ဦးထုပ်ဖြူလေးကိုနောက်ပြန်စောင်းထားသေးသည်မို့ဝါနုနုဆံနွယ်တွေနဲ့ပနံသင့်စွာနုဖက်နေသည့်မျက်နှာဝိုင်းလေးကအထင်းသား။
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ကလေးငယ်အနားမှာရစ်သီရစ်သီလုပ်နေကြသည့်ပုရိသတချို့ကြောင့်ရှောင်းကျန့်မျက်မှောင်ကျုံ့လိုက်မိကာခပ်မြန်မြန်လျှောက်သွားလိုက်တယ်။
"Bae!!!...လာဟိုမှာခဏထိုင်စောင့်ရအောင်ရုပ်ရှင်ပြဖို့ကလိုသေးတယ်..."
YOU ARE READING
ဦးရဲ့အဖြည့်ခံ~~~[Complete]
RomanceZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]
![ဦးရဲ့အဖြည့်ခံ~~~[Complete]](https://img.wattpad.com/cover/249511636-64-k694888.jpg)