Final<Uni>

15.7K 674 87
                                        

_________
Unicode
_________

ဦးရဲ့အဖြည့်ခံ~~~Final
•••••••••••••

အစိမ်းရောင်လွင်ပြင်ကျယ်ကြီးတနေရာမှတလှုပ်လှုပ်နဲ့သက်ဝင်လှုပ်ရှားလျှက်ရှိတဲ့လူတစု။ဖြူလွှလွှပိုးဖဲစတွေနဲ့မျက်စိအေးဖွယ်မဂ်လာအခမ်းအနားလေး။အဖြူရောင်violetပန်းတွေနဲ့အလှဆင်ထားသည့်မဂ်လာစဥ်မြင့်လေးကခရမ်းရောင်violetပွင့်ဖက်တွေနဲ့ခင်းကျင်းထားသည့်လျှောက်လမ်းလေးအဆုံးမှာပနံသင့်စွာတည်ရှိနေတယ်။အပြုံးပန်းကိုယ်စီနဲ့ကြည့်ကောင်းလွန်းသည့်အမျိုးသားတစုကလည်းသတို့သားမျှော်ရင်းသစ်ကုလားအုပ်ဖြစ်တော့မည့်ရှောင်းကျန့်နဘေးမှာကိုယ်စီခန့်ညားလျှက်။

"ယွီပင်း...ဘာတဲ့လဲ..."

"နောက်ဆယ့်ငါးမိနစ်ဆိုရောက်မယ်လို့ပြောတယ်Boss..."

"အင်း...သိပြီ...ယွီပင်း...မင်းဒီနေ့ကြည့်ကောင်းနေတယ်..."

"အဟက်..ဘယ်သူမို့လဲBoss အတွင်း​ရေးမှူးပဲလေ..."

ပြောရင်းဒေါက်တာစစ်ကျွေးနားသွားပြေးကပ်သည့်ယွီပင်း။ဒေါက်တာစစ်ကျွေးလိုလူ့ဂွဆာကိုမှကြိုက်ရတယ်လို့ယွီပင်းရယ်။ဟိုကပြောချလိုက်ရင်ဘွင်းခနဲဘွမ်းခနဲ။

ကျွီ!

ကျွီခနဲထိုးရပ်လာသည့်Baeကိုအကြိုလွှတ်လိုက်သည့်ပန်းတွေနဲ့အလှဆင်ထားသည့်ကားဖြူလေး။ကားထဲကအရင်ဆုံးထွက်လာသူကစပ်စလူးစိန်ကျန်းရန်လီ။နောက်တော့သူနဲ့Baeရဲ့သမီးလေးမိန်ယွမ်ကိုချီရင်းထွက်လာသည့်ဝမ်ချင်။ဝမ်ချင့်ကျန်းမာရေးကအကောင်းကြီးမဟုတ်ပေမဲ့ရိပေါ်ကိုတော့အတော်ခင်တွယ်ကာမိန်ယွမ်လေးကိုလည်းချစ်ပုံရသည်။ရန်လီတံခါးဖွင့်ပေးလိုက်တာနဲ့ရှောင်းကျန့်ရဲ့သတို့သားလေးကကားထဲကဆင်းရင်းအပြုံးနုနုလေးစွန့်ကြဲတယ်။

တကိုယ်လုံးအဖြူစွပ်စွပ်ဝတ်ထားသည့်Baeကသိပ်ကိုရှင်းသန့်လွန်းသည်။မျက်ခမ်းဆက်လေးနှစ်ဖက်ကိုရဲရဲလေးဖြစ်အောင်ဆေးခြယ်ထားပြီးဝါနုရောင်ဆံနွယ်တွေကိုရွှေအိုရောင်အဖြစ်အရောင်တင်လို့အဖျားနားမှာလှိုင်းတွန့်လေးတွေလုပ်ထားပုံကမှော်ဆန်ဆန်လှလွန်းနေသည်။အမြဲတမ်းဆူထော်နေသည့်နှုတ်ခမ်းလေးကဒီနေ့မှာစက္ကန့်မလတ်အသည်းပုံလေးဖြစ်လို့နေတယ်။

ဦးရဲ့အဖြည့်ခံ~~~[Complete]Место, где живут истории. Откройте их для себя