[29]<Uni>

7.8K 695 28
                                        

UNICODE💫

ဦးရဲ့အဖြည့်ခံ~~~[29]
••••••••••••••

"ဝမ်လေး...ဒေါ်လေးတို့စီမကြာမကြာလာလည်နော်..."

"ဟုတ် ဒေါ်လေးလည်းကျန်းမာရေးဂရုစိုက်ဦးနော်..."

အိမ်ပေါက်ဝမှာဖက်လဲတကင်းနှုတ်ဆက်နေကြသည့်တူဝရီးနှစ်ယောက်ကိုရှောင်းကျန့်ကားနားကရပ်စောင့်နေမိတယ်။မိသားစုလိုဖြစ်နေသည့်ဒေါ်လေးနဲ့ကျင်းဇီရွှမ်ကိုBaeကအတော်သံယောဇဥ်ရှိပုံရတယ်။လာလည်တဲ့တရက်လေးမှာသူ့အနားသိပ်မကပ်ပဲဒေါ်လေးကိုလိုက်ကပ်ချွဲနေသည့်Baeကိုသူကသာအရိပ်တကြည့်ကြည့်တောင့်တဲ့လိုလိုက်ကပ်တွယ်နေရခြင်း။နှစ်ယောက်အတူရှိနေရင်ပြုံးရယ်နေပြီးသူရောက်ရောက်သွားရင်အလိုမကျဖြစ်သွားတတ်သည့်ကျင်းဇီရွှမ်ကိုရှောင်းကျန့်မြွေမြွေချင်းခြေမြင်ပါသည်။အမူပိုတတ်သည့်ဇီရွှမ်ကိုရှောင်းကျန့်ကသာရိပ်မိပေမဲ့Baeကတော့နလပိန်းတုံးလေးမို့မသိခြင်း။

"ဝမ်လေးကိုစောင့်ရှောက်ပေးပါရှောင်းကျန့်...ဝမ်လေးကအထိခိုက်မခံနိုင်တဲ့နှလုံးသားလေးနဲ့မို့စိတ်ခံစားလွယ်တယ်..."

Baeကိုခပ်ဆွေးဆွေးမျှော်ကြည့်ရင်းအနားလာရပ်ကာမှာတမ်းခြွေနေသည့်ကျင်းဇီရွှမ်ကိုရှောင်းကျန့်စာနာမိပါရဲ့။

"စိတ်ချပါ..Baeမျက်ရည်လွယ်မှန်းကျွန်တော်လည်းသိနေတာမို့ ကျွန်တော်ကြောင့်နဲ့တော့Baeမျက်ရည်မကျစေရဘူးလို့ကတိပေးတယ်..."

"ခများကတိခများတည်နိုင်မယ်လို့မျှော်လင့်တယ်ရှောင်းကျန့်...ဝမ်လေးသာခများကြောင့်ခံစားခဲ့ရရင်ကျွန်တော်ခများကိုဒီတိုင်းထားမယ်မထင်နဲ့..."

"ဟက်..."

ဇီရွှမ်စကားကြောင့်ရှောင်းကျန့်သဘောတကျဟက်ခနဲရယ်လိုက်မိတော့မျက်ထောင့်နီကြီးနဲ့လှည့်ကြည့်လာသည့်ဇီရွှမ်ကBaeအပေါ်ခံစားချက်တွေလေးနက်ခဲ့ပုံရတယ်။ခပ်ပြုံးပြုံးပဲဘောင်းဘီအိပ်ကပ်ထဲလက်နှစ်ဖက်ထည့်ထားရက်နဲ့ရှောင်းကျန့်စိတ်ချဆိုသည့်သဘောခေါင်းငြိမ့်ပြလိုက်တော့တယ်။

"ဦး...ကော...ဘာတွေပြောနေကြတာလဲဟင်..."

ဒေါ်လေးကိုနှုတ်ဆက်အပြီးအနားပြေးလာသည့်ကလေးငယ်ကရှောင်းကျန့်ခါးကိုလာဖက်ရင်းမေးပုံလေးကစူးစမ်းနေသည့်နှယ်။

ဦးရဲ့အဖြည့်ခံ~~~[Complete]Where stories live. Discover now