UNICODE💫
ဦးရဲ့အဖြည့်ခံ~~~[11]
•••••••••••••
ရှင်းချန်မှာဘာကိုတွေ့လို့အငမ်းမရကြည့်နေမှန်းမသိတဲ့ရွှယ်ယမ်ကြောင့်ရွှယ်ယမ်အကြည့်ပို့ထားရာကိုလိုက်ကြည့်မိတော့သူပါငေးခနဲဖြစ်သွားရတယ်။ဒူးဖုံးဘောင်းဘီလေးအောက်ကဖြူဥနေတဲ့ခြေသလုံးလေးတွေကိုဟိုရမ်းဒီရမ်းလုပ်ရင်းအရုပ်ဆိုင်ရှေ့ရပ်နေတဲ့ကောင်လေးတစ်ယောက်ကြောင့်ရှင်းချန်လက်ထဲကခက်ခက်ခဲခဲလုလို့ရထားတဲ့အကြိုက်ဆုံးဖိနပ်ကိုစဥ်ပေါ်ပြန်ထိုးတင်လိုက်မိတယ်။
К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.
"ဟုတ်တယ်ကွ...အသဲယားစရာလေး..."
ရှေ့ကကောင်လေးကိုမျက်တောင်မခတ်တမ်းလိုက်ကြည့်ရင်းပြောတဲ့ရှင်းချန်ကြောင့်ရွှယ်ယမ်မျက်မှောင်ကျုံ့လိုက်မိကာ
"ဟေ့ရောင်ရှင်းချန်...မင်းလွန်မလာနဲ့နော် ဒါငါအရင်တွေ့တာ..."
"အောင်းမယ်...မင်းကပဲပြောရတယ်ရှိသေး ငါလည်းဒါလေးကိုသဘောကျလို့ကြည့်တာဘာဖြစ်လဲကွာ..."
"မရဘူး...ငါအရင်တွေ့တာငါပဲကြိုက်မယ်..."
"မင်းကြိုက်ရင်ငါလည်းကြိုက်တယ်ကွာ...ဘာဖြစ်ချင်သေးလဲ..."
"ရှင်းချန်...မင်းငါကြိုက်တာမှန်သမျှအကုန်လိုက်ကြိုက်နေတာလား...ဟမ်!..."
"မဟုတ်ပါဘူးရွှယ်ယမ်ရာ...မင်းကသာငါကြိုက်တာတွေကိုလျှောက်ကြိုက်နေတာ..."
"မင်း....မင်းနေနှင့်ဦး...ဟေ့ရောင်ငါအရင်သွားမှာလို့..."
"ငါလည်းသွားမှာလေ...မင်းဖယ်နေစမ်း...ဟေ့ရောင်..."
"အယ်...အကိုတို့ဒီဖိနပ်ဘယ်သူယူမှာလဲ..."
"ဒီကောင်ရွှယ်ယမ်ကိုပေးလိုက်..."
ВЫ ЧИТАЕТЕ
ဦးရဲ့အဖြည့်ခံ~~~[Complete]
Любовные романыZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]
![ဦးရဲ့အဖြည့်ခံ~~~[Complete]](https://img.wattpad.com/cover/249511636-64-k694888.jpg)