_________
Unicode
_________
ဦးရဲ့အဖြည့်ခံ~~~[43]
•••••••••••••
ကတီဗာပိုးဖဲစများနှင့်ထည်ဝါလှသည့်အိပ်ခန်းလေး။နှင်းဆီပွင့်ဖက်တွေဖြင့်အလှဆင်ထားသည့်မဂ်လာအိပ်ရာခင်း။ဒီညရဲ့ရင်ခုန်လှိုက်ဖိုမှုတွေဆောင်ကြဥ်းမည့်ကြင်စဦးဇနီးမောင်းနှံကဘယ်သူတွေများလဲ။
"ဒီကလူကြီး...ဟီး...ဝါးးး..."
သိပ်ကိုလှပသည့်သတို့သမီးဂါဝန်ကြီးနဲ့ဝမ်ချင်ကကျန်းချန်လက်ကိုဆွဲပြီးအိပ်ခန်းထဲဝင်လာခြင်း။အိပ်ခန်းကိုပတ်ကြည့်ကာတဝါးဝါးနဲ့အံ့သြမဆုံးဖြစ်နေသည့်အရူးမလေးကိုကျန်းချန်လက်ပိုက်လို့ပြုံးပြုံးလေးရပ်ကြည့်နေလိုက်တယ်။
"ဒီကလူကြီး...ငါတို့အိပ်ခန်းလား..."
"အင်း...မဟေသီသဘောကျလား..."
"အွန်း...ဒီကလူကြီးကဘောစိပဲ..."
ပြောရင်းဂါဝန်ကြီးမကာကုတင်ပေါ်တက်သွားသည့်ဝမ်ချင်။မွေ့ယာပေါ်မတ်တပ်ရပ်လို့ခုန်ဆွခုန်ဆွလုပ်ရင်းအပျော်ကြီးပျော်နေသည့်သူ့ဇနီးလေး။
"ဒီကလူကြီး...ပျော်ဖို့ကောင်းတယ် လာ တူတူခုန်ရအောင်..."
ကုတင်ပေါ်အတင်းဆွဲခေါ်နေတာမို့ကျန်းချန်လည်းကုတင်ပေါ်တက်လို့အလိုက်သင့်လေးခုန်ပေးနေလိုက်တယ်။နှင်းဆီပွင့်ဖက်တွေတဖွဲဖွဲကျအောင်ဆော့ကစားရင်းလွတ်လွတ်လပ်လပ်ရယ်မောနေသည့်ကောင်မလေးကတကယ်ပဲသူ့ရဲ့မဟေသီဖြစ်ခဲ့ပြီ။မင်းမှာဘာပြစ်ချက်တွေပဲရှိခဲ့ရှိခဲ့ကိုယ်ကတော့တန်ဖိုးထားမြတ်နိုးနေမှာပဲမဟေသီ။
"မဟေသီ!!!...အင့်!..."
ဂါဝန်စတက်နင်းမိသည့်ဝမ်ချင်ကြောင့်ဝမ်ချင့်ကိုထိန်းပေးရင်းကျန်းချန်ပါမွေ့ယာပေါ်ပက်လက်။သူ့ရင်ဘတ်ပေါ်ထပ်ကျလာသည့်ကောင်မလေးကခုထိအရယ်မပြတ်သေး။အနီးကပ်မြင်နေရသည့်မျက်လုံးတောက်တောက်တွေ ကွေးညွတ်နေသည့်နှုတ်ခမ်းအစုံ ဇင်ယော်တောင်မျက်ခုံးတွေပိုင်ဆိုင်ထားသည့်ဒေါက်တာမလေးကသိပ်ကိုလှပါသည်။ခါးသိမ်လေးကိုမသိမသာသိုင်းဖက်လိုက်ရင်းနှုတ်ခမ်းလေးကိုခပ်ဖွဖွသွားနမ်းမိတော့တိခနဲတိတ်ကျသွားသည့်ရယ်သံလေး။
STAI LEGGENDO
ဦးရဲ့အဖြည့်ခံ~~~[Complete]
Storie d'amoreZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]
![ဦးရဲ့အဖြည့်ခံ~~~[Complete]](https://img.wattpad.com/cover/249511636-64-k694888.jpg)