[3]<Uni>

16K 817 22
                                        

UNICODE💫

ဦးရဲ့အဖြည့်ခံ~~~[3]
••••••••••••••••••••

ရိပေါ်လက်ထဲကစာရွက်ခေါက်လေးကိုကြည့်ကာမျက်ရည်တွေရစ်ဝိုင်းလာရတယ်။ဒေါ်လေးနဲ့ဇီရွှမ်းကောကရိပေါ်ရဲ့အဖိုးမဖြတ်နိုင်တဲ့မိသားစုလေး။ဒေါ်လေးပြောပြတာတော့ဇီရွှမ်းကောကသူ၅နှစ်အရွယ်လောက်တောကတနေရာကခေါ်လာပြီး မွေးစားထားတာလို့ပြောတယ်။ဘာပဲဖြစ်ဖြစ်ဒေါ်လေးနဲ့ဇီရွှမ်းကောကသူ့ကိုအရမ်းချစ်ကြပြီးလိုလေးသေးမရှိထားပေးကြတာရိပေါ်တွက်တက်နိုင်သလောက်မိသားစုအငွေ့သက်လေးကိုလုံလောက်အောင်ဖြည့်ဆည်းပေးကြရှာတယ်။မနေ့ကဇီရွှမ်းကောအိမ်ပြန်လာတော့မျက်နှာမကောင်းဘူး။အကြောင်းကဇီရွှမ်းကောအလုပ်လုပ်တဲ့သူဌေးပိုက်ဆံတွေလမ်းမှာဖြတ်လုခံလိုက်ရလို့ပဲ။အဲ့ပိုက်ဆံတွေကိုသူဌေးက ဇီရွှမ်းကောကိုတနေရာ ပို့ခိုင်းတာမို့​ကောကအလျောပေးရမယ်တဲ့လေ။တပတ်အတွင်းမလျောနိုင်ရင်သူဌေးရဲ့သမီးကိုကောကလက်ထပ်ရမယ်တဲ့။ဘယ်လိုတောင်ကြောင်တောင်တောင်နိုင်လိုက်သလဲ။ဒါမဲ့ဘယ်တက်နိုင်မလဲမဖြစ်မနေလျော်ရမှာမို့ကောကိုကူညီဖို့အတွက်ကျွန်တော်အိမ်ကခိုးထွက်ပြီး အလုပ်ထွက်ရှာတယ်။အထက်တန်းသာအောင်သေးတဲ့ကျွန်တော့်အတွက်ပေကျင်းလိုမြို့ကြီးမှာအလုပ်ကမရှိသလောက်ခပ်ရှားရှားရယ်။နောက်ဆုံးတော့သူငယ်ချင်းဖြစ်သူကျင်းလင်အဆက်သွယ်နဲ့barတစ်ခုကိုရောက်သွားတယ်။Barပိုင်ရှင်ရှီးချန်ဆိုတဲ့လူကြီးစီမှာစားပွဲထိုးပဲလုပ်ရလုပ်ရသန့်ရှင်းရေးပဲလုပ်ရလုပ်ရဘာအလုပ်ပဲဖြစ်ဖြစ်ပိုက်ဆံရရင်လုပ်မယ်လို့ဆိုကာအလုပ်တောင်းမိတော့ကျွန်တော့်လက်ထဲလိပ်စာကဒ်တစ်ခုထည့်ပေးကာအဲ့မှာမင်းအတွက်အလုပ်ရှိတယ်လို့ပြောတာနဲ့ကျွန်တော်ဒီအိမ်ကိုရောက်လာခြင်း။ဒီရောက်တော့အခြေနေတွေကကျွန်တော်တခါမှတွေးမထားဖူးတာတွေချည်းဖြစ်ပျက်သွားခဲ့တယ်။ဒါမဲ့ကျွန်တော်လိုအပ်တဲ့ပိုက်ဆံကိုဦးစီကရလိုက်တယ်။ကျွန်တော်အိမ်ပြန်လို့မရနိုင်ပေမဲ့လို့ဒေါ်လေးနဲ့ဇီရွှမ်းကောကိုတော့ကျေးဇူးဆပ်ခွင့်ရခဲ့ပြီ။

"ဟင့်...အင့်..."

ရှောင်းကျန့်အိပ်ခန်းထဲပြန်ဝင်လာတော့ကုတင်ပေါ်ကကောင်လေးကသူ့ကိုကျောပေးထိုင်နေရင်းငိုနေတယ်ထင်တယ်ပုခုံးလေးနှစ်ဖက်ကတသိမ့်သိမ့်ပဲ။ရှောင်းကျန့်မှာဘယ်လိုဖြေသိမ့်ပေးရမှန်းမသိပေမဲ့ကောင်လေးကိုဂရုဏာသပ်မိတာတော့အမှန်ပင်။ကောင်လေးငိုရှိုက်သံတွေဖြစ်ပေါ်လာခြင်းကသူ့ရဲ့အပြစ်တွေတစိတ်တပိုင်းပါဝင်သည်မဟုတ်ပါလား။

ဦးရဲ့အဖြည့်ခံ~~~[Complete]Место, где живут истории. Откройте их для себя