အပိုင်း ( 20) အဆက်

1K 136 1
                                    

.........
သူမ စိတ်တွေ အရမ်းကို ရှုပ်ထွေးသွားတယ်။ သူ့ဘက်ကို သူမလှမ်းကြည့်လိုက်တော့လဲ သူ့ရဲ့ စာတမ်းကိုပဲ ဆက်လက်လုပ်ဆောင်နေတယ်။ သူမတစ်ခဏတော့ မွှန်ထူပီးကြောင်သွားတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး သူမ အဲ့ အကြောင်းကိုထပ်မတွေးတော့ ဘူး။ အကယ်၍ သူမသာ သိချင်ရင်
သူ့ကို တိုက်ရိုက်မေးလိုက်လို့ ရတာပဲ။
သူမ weibo ကိုပဲ ဆက်သုံးနေလိုက်တယ်။

  ခါတိုင်းသူမက 'Following' ဆိုတာကို နှိပ်လေ့ရှိပေမယ့် သူမက မတော်တဆ ' My Weibo' ဆိုတာကိုနှိပ်မိသွားတယ်။ ဒီလိုနဲ့ပဲ သူမရဲ့ screen ကလဲ အသစ်ကနေပြန်စသွားခဲ့တယ်လေ။ ပထမဆုံးပေါ်လာတာကတော့ သူမရဲ့ ပို့စ်အဟောင်း အောက်မာ မန့်ထားတဲ့ message တွေကိုတွေ့လိုက်ရတယ်။ သေချာတာကတော့
အခုမြင်နေရတဲ့ ပိုစ့်က နွေရာသီတုံးက သူမအတွက် အသံသရုပ်ဆောင် ဆရာ ဒါမှမဟုတ် Cp ရှာတဲ့ပို့စ်ပဲဖြစ်တယ်။
(Cp - couple or character partner)

အဲ့ပို့စ်မှာ သူမရဲ့ အသံသရုပ်ဆောင်ထားတုံးက အသံကလစ်(clip) တွေကိုပါ လင့်ခ်ချထားပေးတဲ့ပို့စ်လဲ ဖြစ်တယ်။ အဲ့ပို့စ်အောက်မှာ စာပို့ထားတာတွေကတော့ သူမရဲ့သူငယ်ချင်းကောင်းတွေ ဖြစ်ကြပီး တစ်ချိူ့ဆို သူမကို စနောက်ထားသေးတယ်။
သူမ အဲ့ ပို့စ်ကို မတော်တဆထိမိ သွားတယ်။ တစ်ခါထဲ ပို့စ့်ရဲ 'like'တွေကိုကြည့်လိုက်တယ်။ 'like 'က. 36 ခုပဲ ရှိထားသေးတာဖြစ်ပေမယ့် နောက်ဆုံး ပေးထားတဲ့ လူရဲ့ ပရိုဖိုင်ကတော့ သူမ အရမ်းကို ရင်းနှီး နေသလိုပဲ။ အဲ့သူက တော်တော်နှိမ့်ချတက်တာပဲ။ တစ်ခုလုံးက အနက်ကြီးပဲ။ (cover photo မတင်ထားတာကိုပြောတာပါ)

သူမ ချက်ချင်း မှတ်မိသွား ပီးတော့ မျက်လုံးလဲ ပြူးသွားတယ်။

ဖြစ်နိုင်တာက........

ဖြစ်နိုင်တာက?

ဖြစ်နိုင်တာက!!!

ဖြစ်နိုင်တာက သူ ဆိုလို ချင်တဲ့ သဘောက သူက သူမရဲ့ အသံသရုပ်ဆောင် ဆရာ ဒါမှမဟုတ် CP ဖြစ်ပေးမလို့လာ? အ့တာကို တွေးစေချင်တာလား?
( သူ့အကြောင်းစဥ်းစားလားမေးတဲ့သူရယ် likeလေးပေးတာကို cp or master ဖြစ်ပေးမယ်လို့တွေးတယ် သူရယ် စုံနေတာပဲ။)

ရှလျောင်ရဲ့ နှလုံးသားလေးက အရမ်းကို ရင်တွေခုန်နေပီ။ ဒီအသံ သရုပ်ဆောင် လောက ထဲမှာ 'ဘေရန်' ဆိုတဲ့ နာမည်က ဘာကို ဆိုလို သလဲ ဆိုတာ ကောင်းကောင်းကြီး သူမ သိသလို နားလဲ လည်တယ်။ ဆိုချင်တာက ဘေရန်က သူ့ရဲ့ အကောင့်ကို စီးပွားရေး အလုပ် အတွက် သာသုံးမှန်း သူတင်တဲ့ ပို့စ်တွေကို ကြည့်ရင် သိနိုင်တယ်။

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now