အပိုင်း (55) [Final]

3K 178 23
                                    


Tea of Summer

[Unicode]

" နောက်ပြီး မင်းက စတူရီယို ထဲမှာ ချောင်ကော လို့ ခေါ်တဲ့ သူနဲ့ စကား​ပြောနေတာ ကို ကိုယ်ကြား ခဲ့တယ်။ အဟမ်း...မင်း ဆီယက်တယ် ကို သွားမယ့် နေ့ကို ကိုယ်သိလိုက်တာမို့ လေယာဥ် လက်မှတ် ကို အဲ့နေ့ပြောင်း လိုက်တယ်။ ဒါမှ ကိုယ်က မင်း ကို လေယာဥ် ပေါ်မှာ တွေ့လို့ရမယ် ဆိုတဲ့ မျှော်လင့် ချက်နဲ့ပေါ့။ ''

အဲ့တုံးက သူ့ကိုယ်သူ အရူးအမူး လုပ်မိတာကို ပြန်လည် အောက်မေ့ မိတဲ့ အနေနဲ့ ပြော လိုက်တယ်။

" ကိုယ်တွေးမိတာက နေ့ရက်သိရင်ပဲ လုံလောက်ပြီပေါ့။ ဒါပေမယ့် တစ်နေ့ထဲမှာ လေကြောင်း ခရီးစဥ်တွေ အများ ကြီးရှိတာ ကိုယ်မေ့သွားတယ်။ ကိုယ့်ရဲ့ လေယာဥ် ကိုစောင့်နေတုံး မှာပဲ မင်းရောက်လာ ခဲ့တယ်။ နောက်တော့ လေယာဥ် ရောက်လာပြီမို့ မင်း ကို လာမနှုတ်ဆက် လိုက်ရပြန်ဘူး။ ''

အဲ့နေ့တုံးက သူမတွေ့ လိုက်ရတဲ့ နောက်ကျော ကို ပြန်မှတ်မိ လိုက်တယ်။ ဒါဆို သူမ အမြင်မှား တာမဟုတ်ပဲ တကယ့်ဘေယန် ကြီးပေါ့လေ။

" နောက်တော့ ကိုယ်က မင်းနဲ့ ထပ်တွေ့ဖို့ အခွင့်အရေးတွေ အများကြီး လိုချင်တာကြောင့် တရုတ်ကျောင်းသား တိုင်းရဲ့ လုပ်တဲ့ ပါတီ တိုင်း ကို လိုက်တက်ခဲ့တယ်။ ကံကောင်းစွာနဲ့ မင်းကို ကိုယ်ရှာတွေ့ ခဲ့တယ်။ ပြီးတော့ မင်း နဲ့ အောင်မြင်စွာ စကားပြော လို့ ရခဲ့တယ်။ ဒါပေမယ့် ကိုယ် မင်းကို နည်းနည်း ခြောက်မိသွားတဲ့ ပုံပဲ။ ''

အဲ့နေ့က သူမ ရှက်စရာ ကောင်းလောက်အောင် ပြုမူ မိခဲ့တာမှန်း ပြန်သတိ ရတော့ လက်တွေ ခါကာ ပြော လိုက်တယ်။

" ကျွန်မက ရှင့်ကို မျက်နှာချိုသွေးတာလေ။ အဲ့နေ့က ဟာတွေ မေ့ပစ်လိုက်!မေ့ပစ်လိုက်ပါဆို။ ''

စုန့်ချီယန်က သူ့ရဲ့ ဘယ်လက်နဲ့ သူမပါးလေး ကိုကိုင် လိုက်တယ်။

" မင်းလေးက အစားသောက်ကောင်း ကြိုက်မှန်း လဲသိရော ဆီယက်တယ် မှာ ရှိတဲ့ တရုတ်စာ စားသောက်ဆိုင် ကောင်းကောင်း နဲ့ မုန့်ဆိုင်တွေ ကို အင်တာနက် ကနေ ရှာနေခဲ့တယ်။ အဲ့ဆိုင်တွေ ကို အကြာင်းပြ ပြီး ကိုယ်က မင်း နဲ့ အတူ ချိန်းတွေ့ ခဲ့တာပဲ။ ကံမကောင်း ချင်တော့ ကိုယ်က အရမ်း အလုပ်များ ခဲ့တာမို့ မင်းနဲ့ အပြင် ကို အချိန်များများ မထွက်နိုင်ခဲ့ဘူး....ဝေ့ချင် က ကိုယ်နဲ့ အများဆုံး ရှိနေတာကြောင့် ကိုယ်က မင်း အပေါ်ထားတဲ့ ခံစား ချက်ကို သူသိတယ်။ ကိုယ်က မင်မျက်လုံးထဲ ဝင်နိုင်ဖို့ ဘယ်လိုလုပ်ရမှန်း မသိခဲ့ ဘူး။ ကိုယ်က ပျော်ပျော် မနေတက်တဲ့ သူမို့....နည်းနည်း တော့ ကြောက်နေမိတယ်။ တကယ်လို့ များ မင်း လန့်ပြီး ကိုယ့်ဆီ ကနေ ပြေး သွားမှာ စိုးလို့ အကွာ အဝေး တစ်ခု ထားခဲ့တာ....''

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now