အပိုင်း (43)

791 122 7
                                    

Tea of Summer

[Unicode]

  ရှလျောင် ဟာ စုန့်ချီယန် နဲ့အတူ တစ်နာရီ ခွဲလောက် ထိ တစ်ယောက် လက် တစ်ယောက်တွဲကာ လမ်းလျောက် ခဲ့ကြလေတယ်။ သူတို့ရဲ့ အိမ်ခန်းလေး ကို ပြန်ရောက်တဲ့ အခါမှာတော့ ည ၉ နာရီတောင် ကျော်လုနီးပါး ဖြစ်နေ ခဲ့ပါပြီ။

  ထို အိမ်လေး ရဲ့ ဧည့်ခန်းထဲ မှာတော့ TV တစ်ခု ရှိနေပြီး ဇာတ်ကား ခွေ CDတွေ လည်း အများ ကြီး ရှိနေလေတယ်။ စုန့်ချီယန် နဲ့ ဝေ့ချင် တို့ ကတော့ ထိုင်ချ လိုက်ပြီး ဇာတ်ကားခွေ ရွေး ကြတော့တယ်။ ဒါပေမယ့် သိပ်မကြာခင် မှာပဲ <A vatar> ဆိုတဲ့ ရုပ်ရှင် ကြည့်ဖို့ ပဲ ဆုံး ဖြတ်လိုက်တော့တယ်။ ဒီရုပ်ရှင် ကို ပြန်ကြည့်တာ သူတို့ အတွက်တော့ ဒုတိယ အကြိမ် ပဲ ဖြစ်လေတယ်။

ဧည့်ခန်း ထဲက ဆိုဖာ က သုံးခုံတွဲ ဆိုဖာ ဖြစ်လေတယ်။ ဒါကြောင့် စုန့်ချီယန်က ဆိုဖာ ရဲ့ အစွန်း ဆုံး မှာ ထိုင်ပြီးတော့ ရှလျောင်က တော့ ဆိုဖာ အလယ် မှာ ထိုင်လေတယ်။ ဝေ့ချင်ကတော့ ရှလျောင် ဘေး က နေရာ လွတ်ကို သူ့ရဲ့ မိန်းမလှလေး လင်းချင် ကို နေရာပေးကာ သူကတော့ ပရိဘောဂ ခုံ တစ်ခု ဆွဲယူပြီး ထိုင် လိုက်တော့တယ်။

   အစောပိုင်း ကတော့ ရှလျောင် တစ်ယောက် စုန့်ချီယန် ရဲ့ ပုခုံးပေါ်ကို ခေါင်းလေးတင်ပြီးတော့ ဇိမ်ယူကာ ဇတ်လမ်းကို စိတ်ဝင်တစား ကြည့်နေသေးတယ်။ သူတို့ အတွက် ဒီရုပ်ရှင် ကို ကြည့်တာ ဒုတိယ အကြိမ် ဖြစ်နေ ပေမယ့်လဲ ဒီလို classic ရုပ်ရှင်မျိုး ဖြစ်လို့ ဘယ်အချိန်ပဲ ပြန်ကြည့်ကြည့် နှစ်ခြိုက်နေကြ တုံးပဲ။ ထပ်ပေါင်းပြီး ပြောရရင် ဒါက မူရင်းရုပ်ရှင် ဖြစ်တဲ့ အတွက်ကြောင့် စာတန်းထိုး တစ်ခုတောင် မပါလေဘူး။ ယုတ်စွ အဆုံး အဂ်လိပ် စာတန်း ထိုး တစ်ခုတောင် မပါလေဘူး။

  ယေဘူယျ အားဖြင့်တော့ ဇာတ်လမ်း က ဘယ်လိုတွေ ဖြစ်နေလဲ ဆိုတာကို အရင်က ကြည့်ခဲ့ ဘူးလို့ သိနိုင်နေသေးတယ်။ စုန့်ချီယန် အတွက်တော့ မျက်လုံးတွေ ကသာ တီဗွီ ဆီရောက်နေပေမယ့် သူ့ရဲ့ လက် နှစ်ဖက် လုံးက ရှလျောင်ရဲ့ ဘယ်ဘက် လက်လေး ကို လက်မလေး နဲ့ ဖြစ်လိုက် ပွတ်လိုက် နဲ့ ဆော့နေခဲ့တယ်။
(ရီးစား ထားဘူးတဲ့ သူတွေ သိလောက်မှာပါ ချိန်းတွေ့တုံးစကားလေး ပြောလက်လေး ကိုင် ပြီး ဆော့တာလေ... 🙂ကိုယ်ကတော့ ကိုယ့်သူငယ်ချင်းတွေ ကို လိုက်စောင့်ပေးရ လို့သိတယ်)

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now