အပိုင်း ( 17)

1K 133 0
                                    

17. ဆောင်းဦးပုံပြင်

  ရှလျောင်ဟာ အပေါ်ထပ်ကို ပျော်ရွှင်စွာ ပြေးတက်လာခဲ့တယ်။ ဒိုးနတ်မုန့်ထုပ်ကို လက်တစ်ဖက်ကဆွဲထား ရင်းကျန်တဲ့တစ်ဖက်က တံခါးကို ဆွဲဖွင့်လိုက်တယ်။ ပီးမှ ပြုံးပြုံးလေး နဲ့ လင်းချင်ရှေ့ကို မုန့်ထုပ် ထိုးပေးလိုက်တယ်။
သူမရဲ့ မျက်လုံးတွေက အပျော်တွေ ပြည့်နှပ်နေလို့ တလက်လက်တောက်ပနေပီး

" စီစီ....  ဒီ ဒိုးနတ်တွေက ငါ နင့်အတွက် သေချာ ဝယ်လာတာနော်... !

လင်းချင်ဟာ ဒိုးနတ်တွေကို ရန်သူသဖွယ် စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်တယ် ။

" အဲ့ မုန့်တွေကို ငါနဲ့ ဝေးရာကို ယူသွားစမ်းပါ...ငါ အခုတစ်လော ဝတ်ချနေတယ်နော်....အ့မုန့်တွေမှာ ကယ်လိုရီ ဘယ်လောက်တောင်ပါလဲ ဆိုတာ နင်သိရဲ့လားဟာ...။ လူတိုင်းက ဘယ်လောက် စားစား ဝမလာတဲ့ နင့်လိုများ ထင်နေသလား။ ငါအကြံ ပေးရ ရင် အ့တာတွေကို နင့်ဘာသာ ပဲ စားလိုက်တော့ ။ ''

လင်းချင်က ထိုမုန့်တွေကို ငြင်းလိုက်တာကြောင့် ရှလျောင်ရဲ့ စိတ်တွေဟာ အရမ်းကို ကျေနပ်သွားတယ်။ အပြင်ဘက်မှာတော့

"နင် တကယ် ဘာမှ မစားချင်တာသေချာလား..။ ဟုတ်ပီလေ....ငါပဲ အကုန် စားပစ်မယ်....ဟမ့်''

လင်းချင်က သူမလေးကို လက်ရမ်းပြရင်း ဝေးဝေးသွား ဆိုတဲ့ ပုံစံ မျိုးသာ လုပ်ပြနေလိုက်တယ်။ ဒီလိုနဲ့ပဲ ရှလျောင်ကတော့ ဒိုးနတ်တွေယူကာ အခန်းထဲ ကိုပျော်ရွှင်စွာ ဝင်သွားတော့တယ်။

ဒီမုန့်တွေက ဘေရန်အကိုကြီး ဝယ်ကျွေးတာပါနော် ဟမ့်..။   😕, သူမ မစားလိုက်တာက သူမရဲ့ နစ်နာ ဆုံးရှူံးမှုကြီးပါနော်.... ! ရှလျောင်ဟာ သူမရဲ့ ထိုင်ခုံပေါ်မှာ ထိုင်လိုက်ပီး ပထမဆုံး ဒိုးနတ်မုန့်တစ်ခုကို ယူပီး ကိုက်လိုက်တယ်။ အဲ့နောက် ပြည့်နေတဲ့ သူမရဲ့ ဗိုက်ကို ပွတ်လိုက်တယ်။.......

အား.....! ငါ ဒီနေ့တော့ အများကြီး စား မိသွားပီပဲ......

ရှလျောင်ဟာ သူမရဲ့ လပ်တော့ကို ဖွင့်လိုက်တယ်။  အဲ့နောက် အင်တာနက်ပါ ဖွင့်ပီးတော့ သူမ ခဏတော့ အနားယူလိုက်တယ်။ (လိုင်းခဏသုံးတာ)
သူမ အင်တာနက်ကို ဖွင့်ဖွင့်ချင်းပဲ သူမရဲ့ လပ်တော့မှာ တွေ့လိုက်ကတာကတော့ သူမ အသံဖိုင်ပို့ပီး ဆင်းသွားကတည်းက အ့သူငယ်ချင်းကောင်းလေးက သူမဆီကို စာတွေ အမြောက်အမြား ပို့ထားတာကို တွေ့လိုက်တယ်........

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now