အပိုင်း (29)

824 120 1
                                    

[Unicode]

29. နွေရာသီရဲ့ လက်ဖက်ရည်

   သူတို့ တွေ ညစာ စားပြီးတဲ့ အခါမှာတော့ စုန့်ချီယန် က အရင်ဆုံး အနေနဲ့ ရှလျောင်ကို သူမရဲ့ တိုက်ခန်းဆီ ပြန်ပို့ပေး ခဲ့တယ်။ သူမကို ပို့ပြီးတဲ့နောက်မှ ဝေချင်းနဲ့ စုန့်ချီယန် တို့က စုန့်ငှား ထားတဲ့ တိုက်ခန်းကို လမ်းလျောက် ပြီး ပြန်လာခဲ့တယ်။ ဝေချင်း တစ်ယောက် ကတော့ အခုနေရာမှာ စုန့်ချီယန် အပေါ်မြင်တဲ့ အမြင်ကတော့ ' မိန်းမကို ညီကို တွေထက်ပိုပြီး ဦးစားပေးတဲ့ သူ' လို့ပဲ မြင်ပါတော့တယ်။ ပြီးတော့ သူ( ဝေချင်း) ကတော့ သူ့( စုန့်ချီယန် )
ကို အထင်အမြင်သေး သွားပါပြီနော်..။

ငါတို့ရဲ့ ညီအစ်ကို သံယောဇဉ် က ဒီတစ်သက် ပြန်မရ နိုင်တော့ဘူး.....ဟမ့်။
>~<.  ရှလျောင်က သူမရဲ့ တိုက်ခန်း ကို ပြန်ရောက် လာတဲ့ အခါ Wechat ကနေ တစ်ဆင့် သူမ အခန်း ကိုအန္တာရယ် ကင်းကင်း တဲ့ ပြန်ရောက်ပြီ ဖြစ်ကြောင်း စုန့်ချီယန် ဆီကို မက်ဆေ့ချ် ပို့လိုက်တယ်။

သူမက မုန့်တွေ ထည့်ထား တဲ့ စက္ကူ ပုံးကြီး ကို စိတ်ရှုပ်ထွေး စွာ ကြည့် ရင်းနဲ့ပဲ သူမရဲ့ အခန်း ထဲကို ယူလာခဲ့တော့တယ်။ သူမက သူမရဲ့ လပ်တော့ပ် ကိုဖွင့်ပြီး QQ chat ထဲ ဝင်လိုက်တယ်။  သူမရဲ့ ပါးစပ်ထဲမှာတော့ အသားပိုင်မုန့် တစ်ခုကို ထိုးထည့်ထား ပြီးတော့ပေါ့။ သူမ စောစော ကပဲ ညစာစား ပြီးသွားတာ ဖြစ်ပေမယ့် လို့ ဒီဟာက တကယ့် တကယ့် တကယ့် ကို အရသာ ရှိတာပဲ!

ရှလျောင်ရဲ့ ချစ်ခင် လေးစား မှု အဆင့်က စုန့်ချီယန် အပေါ် တစ်ဆင့်ထက် တစ်ဆင့် မြင့်မြင့် လာခဲ့တယ်။ တကယ့်ကို ပဲ စီနီယာ အကိုစုန့် ကစဥ်းစား ပေးတက်လိုက်တာ......။ သူမက နည်းနည်း စိတ်ရှုပ်စွာနဲ့ ပဲ QQ ထဲ ကို ဝင်လိုက်တယ်။ သူမက ရှောင်းယု ရဲ့ QQ chat room ကို ဖွင့်ပြီးတော့ စကားလုံးတွေကို ဂရုတစိုက် နဲ့ စာရိုက်လိုက်တယ်။

[ ဇီရှ:  ကောင်းပြီ..., ရှောင်းယု ရေ.... ငါလေ အဓိက အမျိုးသား သရုပ်ဆောင် နေရာ အတွက် အသံစစ်ဆေးမှု ပြုလုပ်နိုင်တဲ့ သူ တစ်ယောက်ကို ရှာတွေ့ခဲ့ပြီ။]

ရှောင်းယု ကလဲ အဲ့အချိန်မှာ အွန်လိုင်း ဖြစ်နေခဲ့ တာကြောင့် သူမက စာကို ချက်ချင်း ပြန်လာခဲ့တယ်။

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now