အပိုင်း (9)

1.2K 173 2
                                    

9.ဆောင်းဦးပုံပြင်

      "မင်းနောက်ဆုံးတော့ ရောက်လာ ပီပဲ။...... ''

ဝေမင်ဟွမ့် သူ့ရဲ့မျက်စိတစ်ဖက်ကို မှိတ်ပီး ဘေရန် ရဲ့ပုခုံးကို ပုတ်လိုက်တယ်။

"မင်းသာဒီပွဲကို မလာခဲ့ရင် ငါအလှလေး တော်တော် များများ နဲ့ငါ ပြန်ညှိုနှိုင်း ရတော့မလို့...အဲ့တာကို မင်းသိလား....''

စုန့်ချီယန် ဟာ သူ့ကို ဖျက်ခနဲ ကြည့်လိုက်ပေမယ့် ဘာမှတော့ တုံပြန်မှုမရှိဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ တစ်ခြား တစ်ဖက်က ချောင်းဆိုး နေတဲ့ အသံက သူတို့ ကို စိတ်ဝင်စားသွားစေတယ်လေ။

"ဆန်းမား....ဘာဖြစ်တာလဲ....မငိုပါနဲ့... ''

အမှန်တကယ်တော့ ရှလျောင်ဟာ ချိစ်ကိတ် သီးသွားလို့ ချောင်းဆိုးသွားတာပါ။(🙂)

သူမချောင်းဆိုးတာ သူမရဲ့ မျက်လုံးထဲ မျက်ရည် တွေ ဝိုင်းတဲ့အထိပါပဲ။ သူမက မျက်ရည်တွေ ပြည့်နေလို့ မှုန်ဝါးနေတဲ့ သူမရဲ့မျက်လုံး ကို အတင်းပြူးပီး သူမတို့ ရှေ့ကို ရောက်လာတဲ့ သူဟာ ဘယ်သူလဲ ဆိုတာကို အတင်းကြည့်နေတယ်။

သူက အမဲ လိုက်ဦးထုပ်ကို ဆောင်းထားတယ်။ ထသွားထလာ အကျီ် ကိုဝတ်ထားပီး အ့ အဝတ်ရဲ့ လက်အနားတွေကိုခေါက်တင်ထားတယ်။ ပြီးတော့လဲ ရိုးရိုးဘောင်းဘီနဲ့ ရိုးရိုးဖိနပ်ပဲ စီးထားတယ်။

(အကိုတို့ရေ ကောင်မလေးတွေက ကြည့်ရင် မျက်နှာကိုပဲ စ ကြည့်တာမဟုတ်ဘူးနော်....သိဖို့)

ဒါပေမယ့် ဒါဟာ ဘေရန်ဆိုတာ အတိအကျပဲ ။ သေချာတယ်။ သူဘယ်လို ပုံစံပဲ ဖြစ်စေ သူမ အမြဲ မှတ်မိနေပါတယ်နော်။

ဘာလို့ သူမကို တစ်ယောက်မှ မပြော ကြရတာလဲ။ အံ့သြစရာကောင်းတာက သူမနဲ့ဘေရန်နဲ့က ကောလိပ်တူတူ ပဲတဲ့ ။ ဘယ်လောက်တောင် တိုက်ဆိုင်မှုလဲ။
လင်းချင်ဟာ ရှလျောင် သက်သာစေဖို့ ရှလျောင်ရဲ့ ကျောကို သူမလက်တွေနဲ့ ပုတ်ပေးလိုက်တယ်။ သူတို့တွေ အကုန်လုံး သတိမထားမိလိုက်တာ ကတော့ စုန့်ချီယန် လဲ လက်ကိုမြှောက်ပီး ပုတ်ပေး မလို့ပဲ ။ ဒါပေမယ့် သူကလက်တွေကိုပြန် ချထားလိုက်တယ်လေ။

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now