အပိုင်း (46)

746 101 8
                                    

Tea of Summer

[Unicode]

  ၂ ရက်ကြာပြီး တဲ့နောက်မှာ​တေ့ာ ရှလျောင် ရဲ့ ' အထူးအခြေအနေ' က ပြီးဆုံးသွား ခဲ့ပါပြီ။ နောက်ဆုံး တော့ သူမ ရေထဲ ကို ဆင်း လို့ရသွား ပြီ။

   မနက်ခင်းစာ ကို အစောကြီး စားပြီးတဲ့နောက် မှာ ရှလျောင် ဟာ ရေချိုးခန်း ထဲ ကိုသွား ပြီးတော့ သူမရဲ့ ရေကူး ဝတ်စုံ ကို လဲ ဝတ် လိုက်တယ်။ အစိမ်းနုရောင် ရေကူး ဝတ်စုံဟာ သူမက တစ်နေ့ထဲ မှာပဲ အွန်လိုင်း ကနေ ပို့ဆောင်ပေး တဲ့ နေရာ ကနေ ဝယ်ယူ ခဲ့တာ ပဲ ဖြစ်လေတယ်။ ဒါတွေ က ဘစ်ကနီ နဲ့ သိပ်ပြီးတော့ မတူ ပါဘူး။ ဒါတွေ က ပိုပြီး ချစ်ဖို့ ကောင်းပြီး ဆယ်ကျော်သက် ကလေးတွေ ဝတ်တဲ့ ပုံစံ လိုမျိုး လေးပါပဲ။

  လင်းချင်နဲ့ စုန့်ချီယန် တို့အပြင် ဝေ့ချင်တောင်မှ အပြင် ကိုထွက်ဖို့ အသင့် ဖြစ်နေ ကြပါပြီ။ ရှလျောင် ကတော့ ဒီလို ပုံစံ နဲ့ အပြင် ထွက်ဖို့ ရာ အနည်းငယ် တော့ တုံ့ဆိုင်းနေမိတယ်။ ဒါကြောင့် သူမက အပေါ်ကနေ ပါးလွှာတဲ့ အဝတ် ကို ဝတ်သွား ဖို့ ဆုံး ဖြတ် လိုက်တော့တယ်။ ဒါပေမယ့် ရှလျောင် တစ်ယောက် မသိတာ ကတော့ တစ်ချို့ ပါးလွှာတဲ့ အဝတ်တွေ က ပိုပြီး ဆွဲဆောာင် မှုအား ပိုကောင်းစေ တာကိုပဲပေါ့။ ရှလျောင် ကတော့ သူမ အခန်းထဲ ကို ဝင်ပြီး အပေါ်ဝတ် ကိုယူ လိုက်တယ်။

လင်းချင်ဟာ သူမကို ခေါင်းကနေ ခြေအဆုံး ကြည့်လိုက်ပြီးမှ သဘောတကျ ခေါင်းငြိမ့်ပြီး သူမလဲ ရေကူးဝတ်စုံ လဲ ဖို့ ရေချိုး ခန်းထဲ ကိုဝင်သွားတော့တယ်။ ရှလျောင် ကတော့ ဒီဟာ ကို ဝတ်ပြီး ဒီနေရာ ကနေ ထွက်သွား ရမလား ဆက်နေရမလား ကို ရပ်ပြီး ဆုံးဖြတ် နေခဲ့တယ်။ အဲ့ အချိန်မှာ ပဲ တစ်စုံ တစ်ယောက် က တံခါး ကို  ၂ ခါခေါက် လိုက်တယ်။

သူမက တံခါး နား ကို ကပ်လိုက်ပြီး တံခါး ကို သူမခေါင်း လေး ထွက် နိုင်ဖို့ရာ လောက်လေး ဖွင့်လိုက်ကာ အပြင် ကိုချောင်း ကြည့် လိုက်တယ်။ အပြင်မမှာ ရပ်နေတဲ့ သူက စုန့်ချီယန် ဆိုတာ လဲတွေ့ရော အထဲ ကို ဝင်ခွင့်ပေး လိုက်လေတယ်။ စုန့်ချီယန် ကတော့ သူမလေး ရဲ့ သတိထား တက်တဲလ အမူအရာလေး ကို ကြည့်ပြီးတော့ သဘော တကျ နဲ့ကို ရီနေခဲ့တယ်။ သူက သူမခေါင်း လေးကို ပွတ် လိုက်တယ်။

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now