အပိုင်း (26)

885 131 2
                                    

Unicode................................

26. နွေရာသီရဲ့ လက်ဖက်ရည်

  ရှလျောင်က စိတ်ရှုပ်ရှုပ်နဲ့ ပဲ သူမရဲ့ အခန်းကို ပြန်လာခဲ့တယ်။
' ဒင် ' ဆိုတဲ့ မက်ဆေ့ချ် နိုတီသံက သူမရဲ့ ဖုန်းကနေ ပေါ်လာမှ သူမ သတိပြန်ကပ် လာခဲ့တယ်။ သူမရဲ့ ဖုန်းထဲမှာ စာအသစ် ထပ်ရောက်နေပြန်တယ်။ သေချာတာ ပေါ့ အဲ့ စာက သူမကို ကြိုက်နေတယ်လို့ လုံးဝ ကိုသေချာနေတဲ့ စီနီယာ စုန့်ချီယန် ဆီကပဲပေါ့။

  ရှလျောင်က သူမစိတ်ထဲမှာ လိပ်ပြာသိပ်မလုံသော်လည်း ပဲ အနည်းငယ်တုန်လှုအ် လျက် စာကို ချက်ချင်း ဖွင့်လိုက်တယ်။ စုန့်ချီယန် ပို့တဲ့စာက အရမ်းကို ရိုးရှင်းပါ တယ်။ ဒါပေမယ့် မက်ဆေ့ချ် ဖိုင်က အရမ်းကိုကြီးနေတယ်။ အဲ့စာထဲမှာ သူ့ရဲ့ WeChat နဲ့ QQ အကောင့်တွေ ကို လင့်ချ ပေးထားတယ်လေ။

  ရှလျောင်ဟာ မရည်ရွယ်ပဲနဲ့ အဲ့အကောင့် ၂ ခုလုံးကို သူမရဲ့ အဆက်အသွယ် စာရင်းထဲ ပေါင်းထည့်
မိလိုက်တယ်။ သူမ ထည့်ပြီးမကြာခင် ဟိုဘက်က အကောင့်၂. ခုလုံးက ချက်ချင်းပဲ သူမကို လက်ခံ လိုက်တယ်။ အဲ့နောက် ဟိုဘက် ကနေပြီးတော့ အသံ မက်ဆေ့ချ် ပို့လိုက်တယ်။

သူမက WeChat ထဲကို ဝင်ပြီးတော့ ပို့ထားတဲ့ အသံဖိုင်ကို ဖွင့်လိုက်တယ်။ သူမရဲ့ နွေရာသီ အားလပ်ရက် တစ်ခုလုံး နားထောင်ခဲ့ ရတဲ့ အသံလေးက ဘေးပတ်ဝန်း ကျင်ကို ပျံ့သွားပြီး သူမရဲ့ နားထဲကို ဖြေးဖြေးချင်း ဝင်ရောက်လာ ခဲ့တယ်။

" ဒီ ၂ ခုက ကို့ ရဲ့ Pravite (ကိုယ်ပိုင်) အကောင့်တွေလေ။ အခုချိန်ကနေ စပြီးတော့ တစ်စုံ တစ်ခု အတွက် ကို့ကို ဆက်သွယ် ချင်ရင် မင်းအဲ့ အကောင့် တွေကနေ ပြောဆို ဆက်သွယ်လို့ရတယ်နော်။ အော်...အဲ့ကနေလဲ မင်း ကို့ကို ဖုန်းခေါ်တာ စာပို့တာလဲ လုပ်လို့ရသေးတယ်နော်...... ''
( စျေးဗန်း အတင်းထိုးကျွေးနေသော စုန့် 😆)

Wechat က ပထမ အသံ မက်ဆေ့ချ် ကိုဖွင့်ပြီးတဲ့ နောက် ဒုတိယ တစ်ခုကို လဲ အလိုအလျောက် ဖွင့်နေတယ်။

" အကယ်၍ မင်းမှာ အသံ သရုပ်ဆောင်ပိုင်း နဲ့ပတ်သက်ပြီးတော့ မေးစရာ ရှိတယ် ဆိုရင်လဲ မင်း ကိုယ့်ကို အချိန်မရွေး မေးလို့ရတယ်နော်...''

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now