အပိုင်း (10)

1.2K 170 5
                                    

10. ဆောင်းဦးပုံပြင်

ရှလျောင်ဟာ သူမရှေ့ဟာ ရှိတဲ့ရေခွက်ကို တောင့်တောင့်ကြီး ရပ်ပီး ကြည့်နေမိရာကနေ လှမ်းယူလိုက်တယ်။ သူမ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် အကုန်လုံးကတော့ တကယ်မဟုတ်ဘူးလို့ ခံစားနေရတယ်။
အိမ်မက်တစ်ခုမက်နေသလိုပဲ.......

ကြီးမြတ်လှတဲ့ နတ်ဘုရား ဘေရန်= စုန့်ချီယန် = သူမနဲ့ တစ်ကျောင်းထဲ တက်တဲ့ အတန်းဖော် (🙃)

ဒီညီမျှခြင်းကြီးက သိပ်ပီးတော့ယုတ္တိမဆန် သလိုပဲ....။

ဒါပေမယ့် ဘယ်လိုပဲ သူမကြည့်ကြည့် အဲ့ဒါကတော့ သိပ်ပြီး ကိစ္စမရှိပါဘူး ။

"ဒါကရေခဲရေ....မင်းဖြေးဖြေးသောက်အုံးနော်...''

စုန့်ချီယန် က သူမကို နွေးထွေးစွာ သတိပေး လိုက်တယ်။ ရှလျောင် တစ်ယောက် သူ့ရဲ့ အသံကို နားထောင် လိုက်ရတာဟာ သူမ ရေသောက်နေနာကိုတောင်မှ ရေနဲ့ မတူပဲ ဝိုင်ပြင်းရှရှ တစ်ခွက် ကို သောက်လိုက်ရသလို ရေးရေး လေး ခံစားလိုက်ရတယ်။

စုန့်ချီယန် ဟာ ရှလျောင်တစ်ယောက် ရေသောက်ရင်း မှင်တက်နေတာကို ကြည့်လိုက်တယ်။ ပီးမှ သူမလေးရဲ့ လက်ထဲက ခွက်ကို သူလက်ထဲရောက်အောင်ယူလိုက်ပီး ဆော့နေလိုက်တယ်။

တစ်ချိန်ထဲမှာပဲ သူ့ရဲ့ နှုတ်ခမ်းက ကောက်ကျစ်တော့မဲ့ပုံစံလို ခပ်ရေးရေးလေးပြုံးပြီးတော့.......

"ဘာလို့ မင်းက ငါ့ကို ကြောက်နေတယ်လ်ု ခံစားနေရတာပါလိမ့်...... ?''

ရှလျောင်ဟာ ထပ်ပီးချောင်းဆိုးလိုက်တယ်။

စုန့်ချီယန် ဟာ သူမရဲ့ကျောကို ညင်သာစွာ ပုတ်ပေးလိုက်တယ်။

(အကွက်တွေ ....စောန ကတည်းက လုပ်ပေးချင်နေတာ 😒)

ရှလျောင် သက်သာတဲ့အခါမှာ သူမကသူ့က်ိုလက်ရမ်းပြလိုက်တယ်။

"မဟုတ်....မဟုတ်...လုံးဝမဟုတ်ရပါဘူးနော်...''

စုန့်ချီယန် ဟာ ပေါ့ပေါ့ပါးပါးနဲ့ ရီလိုက်တယ်။

"ဒါပေမယ့် မင်းကငါ့ကိုမြင်တိုင်း အရမ်းချောင်းဆိုးတက်တာပဲနော်...''

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now