အပိုင်း ( ၁၂ ) part 2

1.1K 162 2
                                    

12. ဆောင်းဦးပုံပြင်
  
   ရှလျောင်ရဲ့ မျက်လုံးဟာ အံ့သြမှုကြောင့် ပြူးကျယ်လာတယ်။ သူမ အခုချိန်ထျ အဲ့မရင်းနှီးတဲ့ နံပါတ်အစိမ်းရဲ့ စာကို သူမ ဘာပြန်လုပ်ရမလဲ မသိသေးဘူး။ တစ်စုံတစ်ယောက်က နံပါတ်မှားပီး စာပို့တာလို့ပဲ တွေးလိုက်မိတော့
ဖုန်းစကရင် ကိုပိတ်လိုက်တယ်။ အဲ့နောက်တော့ စာတစ်စောင် ထက်ဝင်လာတယ်။

[ကိုက စုန့်ချီယန် ပါ။ _ _ 206-xxx-xxxx]

   သူမ ဘာပြန်ရေးလိုက်ရမလဲ မသိတော့ဘူး။ ထိုအချိန် စာသင်ချိန်ပီး သွားခဲ့တယ်။ အဲ့တော့ စာသင်ခန်းကြီး ထဲကနေ ကျောင်းသူကျောင်းသား တွေနဲ့ အတူ သူမလဲ အပြင်ကို လမ်းလျှောက် ပီး ထွက်လာခဲ့တယ်။

           သူမ အသစ်ရောက်လာတဲ့ စာနှစ်စောင်ကိုကြည့်ပီးတော့ ထူးဆန်းနေသလိုပဲ။
အဲ့စာတွေ ကြောင့် စဥ်းစားရတာ သူမ အုံးနှောက်တွေ ခြောက်လာပီ။

  သူမဖုန်းကို ဖွင့်ပီးတော့ အဆက် အသွယ် များဆိုတဲ့ နေရာမှာ တည်တည်ငြိမ်ငြိမ်နဲ့ သူ့ရဲ့နာမည်ကို မှတ်လိုက်တယ်။ သူမရေးလိုက်တဲ့ နာမည်က ........''စုန့်ချီယန်.... ''။

သူမ ဘယ်လို စာပြန်ရမလဲ ဆိုတာ စဥ်းစားနေချိန်မှာ တုံ့ဆိုင်းနေခဲ့တယ်။ မတော်တဆနဲ့ သူမရဲ့လက်က ဖုန်းနံပါတ် ကို ထိလိုက်မိတယ်။

  ရှလျောင်ဟာ ဖုန်းစကရင်ပေါ်မှာ မြင်နေတဲ့ ''ခေါ်ဆိုနေသည် '' ဆိုတာကို ကူကယ်ရာမဲ့ စွာ ကြည့်နေလိုက်တယ်။
ဟိုဘက်က ပြန်ဖြေတဲ့ အသံကြားမှ ဖုန်းကို သူမနား နားကိုကပ်လိုက်တယ်။

"နေကောင်းရဲ့လားရှင့်...။ ကျွန်မ... ကျွန်မ ရှလျောင်ပါ..။''

အခြားတစ်ဖက်က ခဏရပ်သွားပီးမှ ဆွဲဆောင်မှု ရှိတဲ့အသံနဲ့ ပြန်ဖြေတယ်။ ဖြေတဲ့ကောင်လေးကတော့ ပေါ့ပေါ့ပါးပါးလေး ပြုံးနေလေရဲ့။

"အင်းပါ...ကိုသိပါတယ်..''

တစ်ခဏတော့ ဒီကို့ရို့ကားယား နိုင်တဲ့ဒီအခြေအနေမှာ နှစ်ဖက်လုံး တိတ်သွားတယ်။ အဲ့နောက် သူမ မှတ်မိတာက စာနှစ်စောင်ပို့ထားတဲ့ အကြောင်းပဲလေ။

"ဟမ်း.....ဒါဆို စီနီယာအကိုစုန့် ကျွန်မ ရှင့်ရဲ့ စာတွေကိုတွေ့ပါတယ်......''

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now