အပိုင်း (37)

817 118 4
                                    


Tea of Summer

[Unicode]

ဒီလ အတောအတွင်းမှာ စုန့်ချီယန် က လင်းချင်ပြောခဲ့တဲ့ ' ဒီကိစ္စ က နင်ထင်သလောက် မရိုးရှင်းဘူး' ဆိုတဲ့ စကားကို သက်သေ ပြခဲ့တယ်။ သူတို့ ၂ယောက်လုံးက တက်တဲ့ မေဂျာတွေ မတူပဲ ကျောင်း ပဲ တူပေမယ့် တစ်ကြိမ် ထက်မက တွေ့ဆုံ ကြတယ်။ တစ်ခါ တစ်ရံ သူတို့ ဖုန်းပြောနေရင်း ဘာဆက်ပြောရ မှန်းမသိအောင် စကားလမ်းစ ပျောက်သွားတက်သေးတယ်။

  သူတို့ စကား ဆက်ပြောရင်လဲ နှုတ်ဆက်တာ လိုလို ပဲ ပြောခဲ့ကြတယ်။

" စီနီယာ အကို...ရှင်...''

  ရှလျောင်က အောက်နှုတ်ခမ်း ကိုကိုက် ကာတွေးလိုက်တယ်။ သူမ တွေးမိတာက မေးချင်တဲ့ မေးခွန်းကို ဘယ်လို ဆက်ပြောရမလဲ မသိတော့ လို့ပဲ ဖြစ်လေတယ်။

" အင်း..?''

  စုန့်ချီယန် ဘက်ကတော့ သေချာ အလေး အနက်နဲ့ စိတ်ဝင်စား ကာ နားထောင်နေ လေတယ်။ ရှလျောင် တစ်ယောက် သူမရင်းနှီး နေကြ ညို့ဓာတ် ပြင်းတဲ့ အသံလေး ကို ကြားလိုက်ရတာကြောင့် သူမမေးမယ့် မေးခွန်း ကိုမေ့သွားလေတယ်။ ရုတ်တရပ် ပဲ သူမက ခေါင်းစဥ်ပြောင်း လိုက်တော့တယ်။

" အဟမ်း...စီနီယာ အကို ရှင် အလုတစ်လော အရမ်း အလုပ်ရှုပ်နေလား? "

  တစ်ဖက်က မေးတဲ့ အသံ ပြီးသွားပြီးနောက် စုန့်ချီယန် က သဘောတကျနဲ့ ရီလိုက်တယ်။ သူ့ရဲ့ ပြန်ဖြေတဲ့ အသံထဲမှာတော့ ပင်ပန်းမှုတွေ တစ်စွန်းတစ်စ ပါဝင်နေလေတယ်။

" ဟမ်း......... ကိုယ် အခုမှ ဓာတ်ခွဲခန်း ကနေထွက်လာခဲ့ ရတာ..''

  ရှလျောင်က ချက်ချင်းပဲ သူမ ရဲ့ လက်ပတ် နာရီကို ငုံ ကြည့် လိုက်တယ်။ ည ကိုးနာရီ ခွဲ တောင် ကျော်နေပြီ။ သူအတွက် သူမက နည်းနည်း တောင် ဂရုဏာ သက်မိ သွားတယ်။

" ရှင် ဒီလောက် ထိနောက်ကျ အောင် အလုပ်တွေ လုပ်နေ ရတာက အရင်လတုံးက တရုတ် ပြန်သွား ရတာကြောင့် လား?''

  စုန့်ချီယန် က ပြန်ဖြေတယ်။

" ဟုတ်ပကွာ...''

  သူက နောက်ထပ် ခပ်လေးလေး အသံနဲ့ ထပ်ပေါင်းပြော လိုက်တယ်။

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now