အပိုင်း (42)

818 106 2
                                    

Tea of Summer

[Unicode]

" နောက်တစ်ပတ် လောက်ဆိုရင် နွေရာသီ အားလပ်ရက်ကို တောင် ရောက်ပြီပဲ။ မင်း ဘယ်နေရာကို သွား ချင်လဲ?''

ဆိုဖာ ပေါ်မှာ ထိုင်နေတဲ့ သူတို့ ၂ ယောက် ကြားက တိတ်ဆိတ် မှု ကို စုန့်ချီယန် က ဖြိုခွဲ လိုက်တယ်။ ရှလျောင် ကတော့ အနည်းငယ် လှုပ်ရှားပြီး သူ့လက်မောင်း ထဲမှာ သက်တောင့် သက်သာ ရှိမယ့် အနေအထား မျိုး ကို ပြင်ကာ ဆက်မှီ နေ လိုက်တယ်။ နောက်တော့ သူမရဲ့ ခေါင်းနဲ့ သူ့လည်ပင်း ကို ထပ်ပွတ် လိုက်ပြီး ပြော
လိုက်တယ်။

" မသိဘူး....''

စုန့်ချီယန်က သူမလေး ရဲ့ ခေါင်းလေး ကို အသာလေး ပုတ် လိုက်ပြီးတော့ မေး လိုက်တယ်။

" ခရီး ထွက်ချင်လား ရှရှလေး? "

  ရှလျောင် တစ်ယောက် ချက်ချင်း ခေါင်းလေး ထောင်ကာ ပြော လိုက်တယ်။

" သေချာပေါက်ပဲပေါ့။ ဒါပေမယ့် ဘယ်နေရာ ကိုသွား ကြမလဲ?''

  စုန့်ချီယန် က သူမလေး ကို အကြံပေး လိုက်တယ်။

" ဖလော်ရီဒါ ပြည်နယ် ဆိုရင်ကော?''

  ရှလျောင် က ခေါင်းလေး ဆက်ထောင် ထား ပြီး ကြည့်နေခဲ့တယ်။

" ကျွန်မ တို့ ၂ ယောက်ထဲ ပဲလား?''

စုန့်ချီယန်က ပြန်ပြီး ဖြေပေး လိုက်တယ်။

" ရှရှလေး ရဲ့ အခန်းဖော် ကို ခေါ်လိုက်လေ.....ကိုယ်လဲ ဂျက်ဖရီ(ဝေ့ချင်) ကို လိုက်ဖို့ ခေါ်လိုက်မယ်နော် ဟုတ်ပြီလား? "

   နောက် တစ်ပတ်လောက် ကြာပြီးတဲ့ နောက်တော့ သူတို့ ၄ယောက် လုံးက ဖလော်ရီဒါ ပြည်နယ်ရဲ့ လေယာဥ် ကွင်း ကိုတောင် ရောက်နေ ခဲ့ပါပြီ။ လေဆိပ်ကနေ ဂျစ်ကား တစ်စီး ငှား ကာ သူတို့ ရဲ့ ခရီးဆောင် အိတ်တွေ ကို အနောက်မှာ ထား ခဲ့ ကြတယ်။ အမျိုး သား ၂ ယောက် ကတော့ အရှေ့ခုံမှာ ထိုင် ပြီး တေ့ာ မိန်းကလေး ၂ယောက်ကတော့ အနောက် ခုံမှာ ထိုင်နေလေရဲ့။ တောင်ဘက်ပိုင်း နဲ့ မြောက် ဘက်ပိုင်း တို့ရဲ့ အပူအအေး ကွာ ခြား ချက်ကြောင့် သူတို့ စိတ်တွေ တအား လှုပ်ရှား လာကြတော့တယ်။ ခရီးသည် တင်ခုံ(lover seat) မှာ ထိုင်နေတဲ့ ဝေ့ချင်ကတော့ ဖလော်ရီဒါ ရဲ့ နွေဦး လေပြေတွေ ကို တောင် မမှုပဲ ဘေး က ကား မှန် ကို ချ လိုက် ကြတော့တယ်။

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now