အပိုင်း (23)အဆက်

925 169 0
                                    


ရှလျောင်ကတော့ မျက်လုံးပြူးပြီးတော့ သေချာနားထောင်နေလေရဲ့။
အဲ့လို ပြောတာကို နားထောင်လိုက်တော့ သူမ အများကြီး လေ့လာ လိုက်ရသလိုမျိုးပဲ ခံစားလိုက်ရတယ်။

"ပြီးတော့ '' စုန့်ချီယန် တစ်ယောက် သူမဘက်ကို လှည့်ပြီးတော့

" မင်းမှာ တွဲဖက် ပုံမှန် ရှိသွားပြီဆိုရင် အဲ့လူရဲ့ အသံကို အချိန်တိုင်း နားထောင်နေရမှာနော်.....မင်းလုပ်နိုင်ပါ့မလား?''

ရှလျောင်က ခေါင်းကို ချက်ချင်းငြိမ့်လိုက်ပြီးတော့ ပြောလိုက်တယ်။

"ကိစ္စ မရှိပါဘူး! .......ဘာလို့လဲ ဆိုတော့ ဥပမာ အနေနဲ့ လူအများကြီးက အကို့ အသံကိုနားထောင်ကြတယ်လေ
ပြီးတော့ တစ်ကြိမ်ပြီး တစ်ကြိမ် နားထောင်နိုင်ကြတယ် ဘယ်တော့မှမပြီးတဲ့ အထိကို နားထောင်ကြတာလေ''

စုန့်ချီယန် လဲ ရီပြီးမေးလိုက်တယ်။

" ပြီးတော့ အဲ့ ထဲမှာ မင်းလဲ ပါတယ်မလား?''

ရှလျောင်ကတော့ သူမရဲ့ မျက်လုံး လေးတွေကို ပုတ်ခက်ပုတ်ခက် လုပ်ပြီးတော့ အရှက်သည်းစွာနဲ့ ပြန်ပြောလိုက်တယ်။

" အမ်း......''

"အဲ့တာက အကောင်းဆုံးပဲ မဟုတ်လား....?''

စုန့်ချီယန် ကို ကြည့်ရနာ စိတ်ကောင်းဝင်နေတဲ့ ပုံပဲ ။ ဘာကိုလဲ...?ဘာက အကောင်းဆုံး ဖြစ်သွားရတာလဲ? ရှလျောင်ရဲ့ စိတ်ထဲမှာ အတော့်ကို ရှုပ်ထွေးသွားတယ်။

စုန့်ချီယန် က ရှလျောင် ကြိုက်လောက်မယ့် သဘောကျလောက်မယ့် အသံကိုသုံးပြီး ယုံကြည်ချက် ပြည့်ဝစွာနဲ့ ဖြေးဖြေးချင်း ပြောလိုက်တယ်။

" မင်းတွေ့တယ်မလား ။ မင်းအတွက် အသံ သရုပ်ဆောင် စကေး တိုးတက်ဖို့အတွက် ပိုပြီးလေ့လာချင်ရင် ဆရာ ဒါမှမဟုတ် တွဲဖက် လိုတယ်ဆိုတာကို သိပြီးသားလေ။ ကိုက စီးပွရေး ကြော်ငြာတွေကို သရုပ်ဆောင်တဲ့ နေရာမှာ အတွေ့အကြုံအနေနဲ့ နှစ်နည်းငယ် ရှိတော့ မင်းကို ကို ကူညီနိုင်တယ်လေ။ မင်း ကို့ အသံကို အရမ်းကြီး ဖိအားပေး နားထောင်စရာ မလိုပါဘူး။ ဘာလိုလဲ ဆိုတော့ မင်း အသံကို လဲ ကိုက ကြိုက်တယ်လေ။ ကိုယ်တို့က ကျောင်းလဲ တူတယ်။ ဒါကြောင့်မလို့ အချိန် ကွဲပြားတဲ့ ပြဿနာတွေ မရှိနိုင်ဘူး။ ဒါဆိုတော့ ဒီဟာက အကောင်းဆုံးပဲ မဟုတ်လား။ ''

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now